Friday, September 4, 2009

ဆုတောင်း


ရိုးသားမှုနဲ့ နှင်းဖြူဖြူတွေကျဆင်းနေတဲ့

မိုးကောင်းကင်အောက်မှာ ကျွန်တော်ပျော်နေချင်တယ်

နှလုံးသားမရှိချင်နေပါ

အမုန်းတရားကင်းဝေးတဲ့အရပ်ကိုလမ်းညွှန်ပေးပါအရှင်

အဆုံးအစမဲ့တဲ့မြက်ခင်းပြင်ပေါ်ကျောခင်းပြီး

မိခင်ကျွန်တော်ကိုပွေ့ ဖက်ထားပါစေ

လွမ်းခြင်းကင်းမဲ့ရ၍ နေ၀င်ထွက်ရာအရပ်မှ

ဝေးဝေးနေရပါလိုဧ။်

အသိတရားမရှိပဲ

မိုးနတ်မင်း ထံလက်ဖြန့် ခံသူ

မဖြစ်ရပါစေနဲ့ သား

အယုတ်အလတ်မရွေး

ကုသိုလ်ထူးပြုရပါစေသား

နတ္တိရှိလင့်ကစား

ကောင်းကင်ထူးသူဖြစ်ရပါစေသား

စစ်မှူးအိမ်


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...