Thursday, July 1, 2010

ကိုရီးယားရဲ့ဦးရွှေရိုး

မနေနိုင်မထိုင်နိုင်နဲ့
မီးခဲကိုင်ချင်ကြတဲ့သူတွေ..
ပြင်ဆင်မှုကဝရုန်းသုန်းကား
စိတ်ဓာတ်ကတော့ တိုင်ဖုန်းအလားနဲ့
သူသူငါငါ တွဲလက်ကူလို့
ကျုပ်ကတော့ ဝါးလက်ခုပ်ယူလိုက်တယ်
တစ်နယ်တစ်ကျေးက ချစ်ကိုလေး
အိုးစည်လေးနဲ့ သူပဲပေးလို့
ကိုရဲ..လွင်လွင်ဗုံတီးချင်တွေ
လေးမွန်ယွန်ဆေး ဝါးလက်ခုပ်လေးနဲ့
မကြီးရွှေမာကတော့ လင်ကွင်းကြီးနဲ့ဗျာ
ဟိုးဝေးဝေးက လဝန်းလေး
ဒေါ်မိုးလုပ်ဖို့ သူလာပေး
ဇမသေးတဲ့ ဇော်ဝင်းထက်
ရွှေရိုး ကရင်းအသက်ထွက်
ဒီလိုစိတ်ဓာတ်နဲ့ ဒို့ ....
အိတ်ကပ်လေးတွေ ခဏမေ့လို့
ရှေ့ဆက်လို့တိုး.............. ကိုရီးယားရဲ့ဦးရွှေရိုး

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...