Thursday, July 1, 2010

ငါ နဲ့ ငါ

ရေလိုက်ငါးလိုက်နဲ့
အချောင်နှိုက်တတ်တဲ့လောက
အရာအားလုံးကို ဗလာသုံးလုံးနဲ့အလှဆင်
နာရီတွေကုန်သွားတော့
ငါဟာ ရောင်စုံဘောလုံးနဲ့ပဲ
ပင်လယ်ကို လက်ပစ်ကူးချင်
လရောင်တွေအိပ်စက်နေတဲ့ ညမှာ
အမှောင်ကို အောက်လင်းနဲ့အန်တု
နွေမှာနေမသာရင်နေပါ……
ငါဟာ…………………….
လေပြေအလာကိုသာမျှော်လင့်တဲ့သူပါ [2009 December]

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...