Wednesday, September 29, 2010

သင်သေသွားသော်

သင်သေသွားသော်

လူ့ပြည်လောက လူ့ဘ၀ကား

အိုရနာရ သေရဦးမည်

မှန်ပေသည်တည့်….။

သို့တပြီးကား

သင်သေသွားသော်

သင်ဖွားသောမြေ သင်တို့မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏…။

သင်၏မျိုးသား စာစကားလည်း

ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏…။

သင်ဦးချရာ

အမျှဝေရာ စေတီသာနှင့်

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း…။

[Zaw Gyi]

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...