Monday, May 16, 2011

ဆရာများနှင့် ကျောင်းသား/သူများ မိတ်ဆုံစားပွဲ အစီအစဉ်

ဇွန်လ (၄) ရက်နေ့မှာ ဆရာအော်ပီကျယ် နှင့် ဆရာဖေမြင့်တို့နှင့်အတူကျောင်းသား/သူများ ပေါ့ပေါ့ပါးပါးလေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ကျင်းပမည့် မိတ်ဆုံစားပွဲသို့တက်ရောက်ရန် အားတက်သရောစာရင်းပေးထားကြတဲ့ ညီကိုမောင်နှမများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ စာရင်းပေးရန်ကျန်ရှိနေသေးသော
တက်ရောက်ချင်သော ညီကိုမောင်နှမများ ယခုလ (၂၇) ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာပုဂ္ဂိုလ်များထံမှာ စာရင်းပေးသွင်းနိုင်ကြပါတယ်။
နယ်မှ ညီကိုမောင်နှမများအနေဖြင့် တည်းခိုရန်နေရာအခက်အခဲရှိပါက ဓမ္မဒူတဘုန်းကြီးကျောင်းတွင် တည်းခိုနိုင်ရန်စီစဉ်ထားပါသည်။ မိန်းကလေးများအတွက် အခန်းသီးသန့်တစ်ခန်းစီစဉ်ထားပါတယ်။
တွေ့ဆုံပွဲလေးကို အများသူငါအကြံပေးချက်အရ မြန်မာဆန်ဆန်နှင့်အဓိပ္ပာယ်ရှိရှိဖြစ်စေရန် ဓမ္မဒူတဘုန်းကြီးကျောင်းတွင် ဆရာတော်များအား အာရုံဆွမ်း၊ နေ့ဆွမ်းကပ်လှူကြမည်ဟူ၍ စီစဉ်ထားပါသည်။
အာရုံဆွမ်းကိုတော့ အချက်အပြုတ်တာဝန်ယူထားသော ကျောင်းသား/သူများသာ ကပ်လှူ၍၊နေ့ဆွမ်းကိုတော့ ဆရာများနှင့်အတူ ကပ်လှူကာ၊ တက်ရောက်ကြသော ကျောင်းသား/သူများကို ကျွေးမွေးခြင်းဖြင့်စတင်ပါမည်။ စားသောက်ပြီးစီးပါက ဆရာများနှင့်ပေါ့ပေါ့ပါးပါး ဆွေးနွေးနိုင်ရန်၊ ဘုန်းကြီးကျောင်း ဓမ္မာရုံထဲတွင် လက်ဘက်နှင့် ရေနွေးကြမ်းသုံးဆောင်ကာ ပျော်ပျော်ရွှင်ရွှင် လွတ်လပ်စွာစကားပြောဆိုကြမှာဖြစ်ပါတယ်။
"သောကြာနေ့ညတွင် ချက်ရေးပြုတ်ရေးကူညီချင်သော ကျောင်းသား/သူများ လည်းမိမိတို့လာရောက်ကူညီချင်ကြောင်းစာရင်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။"
"အကျွေးအမွေးကုန်ကျစားရိတ် အ၀၀ကို မြန်မာသူကြီးစားသောက်ဆိုင်မိသားစုမှတာဝန်ယူပေးမှာဖြစ်ပါတယ်။
" ဒါ့ကြောင့် ကျွန်တော်တို့ကျောင်းသား/သူများဘက်မှ ဆရာများအားလက်ဆောင်ပေးရန်အတွက်သာ ငွေကြေးထည့်ဝင်ရန်လိုပါတော့တယ်။ ယခုလက်ရှိလူအရေအတွက်အရ တစ်ဦးလျှင် (၅၀၀၀) ၀မ်မျှထည့်ဝင်လျှင်ပင်
ဆရာများအား လက်ဆောင်ကောင်းကောင်းမွန်မွန် ၀ယ်ပေးရန်လုံလောက်ပြီဖြစ်သဖြင့် ငွေကြေးပါဝင်ထည့်ဝင်လိုသောသူများ (၅၀၀၀) ၀မ် အများဆုံးထား၍ ထည့်ဝင်နိုင်ပါသည်။
စေတနာရှိသလောက်ထည့်ဝင်နိုင်ပါသည်ဆိုပါက ဘယ်လောက်ထည့်ရကောင်းမလဲ စဉ်းစားရတာခေါင်းရှုပ်ရတာကတစ်ကြောင်း၊ ၀မ် (၅၀၀၀)ထက်ပိုမိုထည့်ဝင်ဖို့ကိုပဲစဉ်းစားကြမှာသေချာပါတယ်။
ဒါ့ကြောင့် အားလုံးစိတ်ရှုပ် သက်သာအောင်နှင့် ကျောင်းသား/သူများကုန်ကျစားရိတ် အနည်းဆုံးဖြစ်အောင် မဖြစ်စလောက်ငွေကြေးကို Maximum Limit သတ်မှတ်ပေးလိုက်တာပါ။
ကျွန်တော့်ရဲ့စေတနာကိုနားလည်ကြမည်ဟုယုံကြည်ပါသည်။



အခမ်းအနားအစီအစဉ်

အချိန် - ဇွန်လ ၄ ရက် ၊ စနေနေ့၊
နေရာ - ဓမ္မဒူတဘုန်းတော်ကြီးကျောင်း

၆း၃၀ ~ အာရုံဆွမ်းကပ်လှူခြင်း
၁၁း၁၅ ~ ၁၂း၃၀ နေ့ဆွမ်းကပ်လှူခြင်းနှင့် ကျွေးမွေးဧည့်ခံ
၁း၀၀ ~ ၄း၃၀ ဆရာများနှင့်ဆွေးနွေးခြင်း

====================================

စာရင်းပေးသွင်းရန်

ကိုဝင်းမင်းထွန်း (winminhtun2074@gmail.com) 010 4726 2216
ကိုမျိုးသန်းထွန်း (myothantun83@gmail.com) 010 2897 1417
ကိုအောင်မျိုးသူ (ricky2020@gmail.com) 010 3936 1885

စာရင်းပေးသွင်းရန်နောက်ဆုံးရက် - မေလ (၂၇) ရက်
ငွေလွှဲရန်နောက်ဆုံးရက် - မေလ (၂၇) ရက်
ဘဏ်နံပါတ် - 110 297 034461 Shinhan Bank ,Aung Myo Thu

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...