Wednesday, May 18, 2011

ဓါတ်ပုံပညာအကြောင်းတစ်စေ့တစ်စောင်း

ဓါတ်ပုံအကြောင်းလေးလေ့လာချင်တာနဲ့ ဟိုဖတ်ဒီဖတ်နဲ့ လုပ်မိတော့ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံကို
ကျွမ်းကျင်တဲ့သူတွေကိုပြတဲ့အခါ မကြည့်ချင်ကြတာကို အနည်းငယ်သဘောပေါက်လာပါတယ်။
ကျွန်တော်လည်း ရှုခင်းပုံလေးတွေပဲ ရိုက်နေရာက ၀ါသနာတူ ညီမတွေရလိုက်လို့ တစ်လောက
ဓါတ်ပုံရိုက်ဖြစ်ကြပါတယ်။ ဒီအောက်က ပုံကိုကြည့်ပါ။


အလင်းအမှောင်လေးက တော်တော်အဆင်ပြေတာကို တွေ့ရမှာပါ။ အစတုံးက လင်းအားရှိနေတော့
Flash ကို ပိတ်ပြီးရိုက်တော့ လင်းပေမယ့်ကြည့်မကောင်းပါဘူး။ ဒါနဲ့ ISO ကို တင်ပြီးရိုက်ကြည့်တော့လည်း အဆင်မပြေပါဘူး။ နောက်မှ အကြံရပြီး Flash ကိုဖွင့်လိုက်တော့မှ ကိုယ်လိုချင်တာရပါတော့တယ်။
အလင်းရောင်ရှိရင် Flash ပိတ်ရိုက်ရမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ပုံသေစွဲကြီးကျွတ်သွားပါတော့တယ်။
လွယ်လွယ်နဲ့ သဘာဝကျတဲ့ ပုံလေးတွေလိုချင်တယ်ဆိုရင် Camera ကို P mode မှာထားပြီး ISO
နဲ့ Flash ကို ကစားကြည့်ကြပါ။ ISO တင်ရင် ပုံကို ပိုလင်းစေမှာဖြစ်ပြီး Noise လို့ခေါ်တဲ့ အစက်အပြောက်လေးတွေကိုလည်းတိုးစေမှာပါ။ ISO နည်းရင် လင်းအားနည်းပြီး Noise နည်းစေမှာပါ။
ဒီအခြေခံလေးနဲ့ နောက်ဆို Camera ကို Full Auto မပေးပဲ စိတ်ကြိုက်ကစားကြည့်ပါက
ဘာဝကျတဲ့ပုံလေးတွေရရှိစေမှာပါ။ မဟုတ်ရင်တော့ Camera က Shutter Speed မြန်အောင်ပဲ
အဓိကစဉ်းစားပြီး အနည်းငယ်လင်းအားနည်းတာနဲ့ Flash ကို ဖွင့်လိုက်မှာပါ။
ညမှာသာဆိုရင် ထွန်းထားတဲ့ မီးရောင်စုံ အလှတွေဆုံးရှုံးပြီး ဖြူဖွေးဖွေးဓါတ်ပုံတွေကိုသာရရှိမှာဖြစ်ပါတယ်။
ကင်မရာမှာ ဘာပြောင်းရင် ဘာတွေဖြစ်တယ်ဆိုတာ အလွယ်တကူ လေ့လာနိုင်ဖို့ ဒီကိုသွားလိုက်ပါ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...