Friday, May 20, 2011

၁၁ ကြိမ်မြောက် ဥရောပ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး လေကြောင်းထုတ်ကုန်ပြပွဲနှင့်ညီလာခံ



၁၁ ကြိမ်မြောက် ဥရောပ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး လေကြောင်းထုတ်ကုန်ပြပွဲနှင့်ညီလာခံ(European Business Aviation Convention & Exhibition-EBACE) ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေလ ၁၇ မှ ၁၉ ရက်နေ့တိုင်အောင် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ယင်းပွဲကို ဥရောပ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းထုတ်လုပ်ရေးအဖွဲ့(European Business Aviation Association – EBAA) နှင့် အမေရိကရှိ အမျိုးသား စီးပွားရေးလုပ်ငန်းသုံး လေကြောင်းထုတ်လုပ်ရေးအဖွဲ့ ( National Business Aviation Association – NBAA) တို့က အဓိကပံ့ပိုးပေးတာဖြစ်ပါတယ်။ EBACE ဟာ လေကြောင်းကုမ္ပဏီတွေအနေနဲ့ ကျယ်ပြန့်လာသော ကမ္ဘာလုံးဆိုင်ရာဈေးကွက်မှာ တစ်နေရာမှတစ်နေရာသို့ အချိန်နှင့်တစ်ပြေးညီ မြန်ဆန်လွယ်ကူစွာ ပြောင်းရွေှ့လှုပ်ရှားနိုင်ခြင်းမှာ မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းသုံး ကိုယ်ပိုင်လေယာဉ်တွေဟာမည်မျှ အရေးပါတယ်ဆိုတာကို
ပြသဖို့အခွင့်ကောင်းပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ကုမ္ပဏီ ၂၀ ခန့်က ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ငယ်များကို ထိုပွဲတွင် ပါဝင်ပြသသွားခဲ့ကြပါတယ်။


Ref:EBACE

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...