Wednesday, May 25, 2011

ဆူးသွားနဲ့ ထိုးလည်းမပေါက်အပ်တို့ ပင်ကောက်ခဲ့ပြီ

ကျေးဇူးပါဘဲ....ဆိုတဲ့အပြုံးလေးတစ်ခုနဲ့ 
ကျေနပ်ရပေါင်းများပြီ
ကူညီပါ....ဆိုတဲ့စကားလေးတစ်လုံးနဲ့ လည်း
ညာခိုင်းခံရပေါင်းများပြီ
ခဏလေးပါ....ဆိုတဲ့ငှါးရမ်းမှု့ တွေကြောင့်
ဆုံးရှုံးခဲ့ရပေါင်းများပြီ
နက်ဖြန်ခါ....ဆိုတဲ့ချိန်းဆိုမှု့ တွေကိုလည်း
စောင့်ခဲ့ရပေါင်းများပြီ
သည်းခံပါ....ဆိုတဲ့တောင်းပန်မှု့ တွေကိုလည်း
ခွင့်လွှတ်ခဲ့ရပေါင်းများပြီ
ဒါတွေကြောင့်လားမသိ
ကျွန်ုပ်၏အရေပြားများထူလွန်းအားကြီးလို့ 
ဆူးသွားနဲ့ ထိုးလည်းမပေါက်
အပ်ကိုပင်ကောက်စေခဲ့ပြီ

Credit: ကိုရဲ

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...