Thursday, May 26, 2011

၂၀၁၁ အာရှ စစ်သုံးရဟတ်ယာဉ်ဆိုင်ရာ ဆွေးနွေးပွဲ



ယခုနှစ် မေလ ၃၀ ရက် မှ ဇွန်လ ၁ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ အမရာ ဟိုတယ်(Amara Hotel) တွင် ဒုတိယအကြိမ်မြောက် အာရှ စစ်သုံးရဟတ်ယာဉ်ဆိုင်ရာ ဆွေးနွေးပွဲ (Military Helicopter Asia 2011) ကို သုံးရက်တိုင်တိုင်
ကျင်းပမည်ဟုသိရှိရပါသည်။ ထိုပွဲတွင် တိုက်ခိုက်ရေး၊ ကုန်တင်နှင့် ဘက်စုံသုံးရဟတ်ယာဉ်တို့နှင့်ပက်သက်သည့်
အခြေခံလိုအပ်ချက်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များစသည်တို့ကို
စစ်ဘက်ဆိုင်ရာသုံးရဟတ်ယာဉ်နှင့် ပက်သက်၍ ကျွမ်းကျွင်သော အရပ်ဘက်၊ စစ်ဘက်အရာရှိ (၃၀) ကျော်တို့နှင့်
တွေ့ဆုံဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။ ထိုပွဲတွင် အမေရိကန် ရဟတ်ယာဉ်ဆိုင်ရာ အဖွဲ့အစည်း (American Helicopter Society) မှ သြစတြေးလျဌာန ဥက္ကဌ၊ ဖိလစ်ပိုင်လေတပ်၊ ပါကစ္စတန်လေတပ်၊ နယူးဇီလန်လေတပ်၊ အင်ဒိုနီးရှားလေတပ်တို့မှ အရာရှိကြီးများ နှင့် ကိုရီးယား ကာကွယ်ရေးစနစ်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (Agency for Defense Development) မှ သုတေသနအရာရှိချုပ် အစရှိသူတို့မှ မိမိတို့နိုင်ငံ၏ ရဟတ်ယာဉ်နှင့် ပက်သက်သော လက်ရှိအခြေအနေ၊ သုတေသနအတွေ့အကြုံများ၊ လေ့လာဆန်းစစ်ချက်များကို ဟောပြောကြမှာဖြစ်ပါတယ်။ ယခုဆွေးနွေးပွဲဟာ ရဟတ်ယာဉ်များပြုပြင်ထိန်းသိမ်းခြင်း၊ အစစအရာရာ ခေတ်မီအောင်ပြင်ဆင်မွမ်းမံခြင်း၊
သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အစရှိသည့်နယ်ပယ်အသီးသီးတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရမှာဖြစ်သည့်အတွက် မိမိတို့နိုင်ငံကာကွယ်ရေးစနစ်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုသောအာရှနိုင်ငံများ အနေဖြင့်လက်လွတ်မခံသင့်သောပွဲတစ်ပွဲပင်ဖြစ်ပါသည်။

Credit: http://militaryhelicopterasia.com

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...