Thursday, May 26, 2011

Crash တွေကို အလွယ်ကူဆုံး ဖြေရှင်းပေးမဲ့ Software လေး Soluto

ကိုယ့် ကွန်ပြူတာမှာ ဘာကြောင့်မှန်းမသိ Windows တွေ၊ Application တွေ ခဏခဏ Crash ဖြစ်ဖြစ်သွားတာတွေ၊
ဒါမှမဟုတ် Window Boot လုပ်တာမြန်ချင်တာ၊ ဒါမှမဟုတ် Internet Browser တွေမှာမလိုအပ်ပဲ ပါဝါတွေစားနေတဲ့ Add ons တွေကို ပိတ်ချင်တာ ဖြစ်ဖြစ်..စတာတွေကို လွယ်လွယ်ကူကူနဲ့ အမြန်ဆုံးလုပ်ပေးနိုင်မယ့် Application Software လေးထွက်ရှိလာပါပြီ။ သူကတော့ Soluto လို့ခေါ်တဲ့ စွဲမက်စရာ ကာလာ၊ အိုင်ကွန်လေးနဲ့ နှစ်သက်ဖွယ် Application Software လေးပါ။ အရင်တုန်းကဆို စက်ကိုမြန်မြန်ပွင့်ချင်ရင်တောင် အတွင်းထဲသွားလုပ်ရတာတွေက တပုံတပင်ပါ။ ဟိုးအရင် PIII ,PIV တွေစပေါ်တုန်းက ဘော်ဒါတွေ Boot time မြန်ချင်လို့လုပ်လုပ်ပေးရတာကို သတိရမိပါသေးတယ်။ ဖိုးသားကြီးလုပ်ပေးလိုက်လို့ စက်ကပေါ့ပြီး မျက်နှာကျက်သွားသွားကပ်နေလို့ ခဲဆွဲထားရတယ်ဆိုပြီး ၀ိုင်းဝန်းလှောင်ပြောင်ရယ်မောခဲ့ကြတဲ့ အဆောင်နေဘော်ဒါတွေကိုလည်းသတိရမိပါတယ်။ ခုတော့ ငါ့နေရာ ဒီကောင်ကိုထားလိုက်ပေတော့လို့ သူတို့များအနားရှိရင် ပြောလိုက်ချင်ပါတယ်ဗျာ။



Download

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...