Wednesday, May 4, 2011

Gtalk ဖွင့်လိုက်တိုင်း Screen က Color တွေပြောင်းပြီးကြည့်မရဖြစ်နေရင်

လောလောလတ်လတ်ပဲ ဦးလေးတစ်ယောက် Gtalk ဖွင့်လိုက်တိုင်း Screen က Color တွေပြောင်းပြီး ကြည့်မရဖြစ်နေလို့ဆိုပြီး ရောက်လာတယ်။ ပြန် အင်စတောလုပ်တာလဲ မရဖြစ်နေလို့ပါတဲ့။
ပြန်အင်စတောတာတောင် မရဘူးဆိုတော့ စိတ်နဲနဲပူသွားပါတယ်။ သူကျွန်တော့်ဆီ တစ်ခေါက်လာဖို့ကလည်းဝေးတာကိုး
ဒါနဲ့ သူ့စက်ကိုဖွင့်ကြည့်လိုက်တော့ Compatibility mode မှာ ၂၅၆ color နဲ့ Display setting ပေးထားတာကို သွားတွေ့ပါတယ်။တော်ပါသေးရဲ့ ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ သူလည်း နောက်တစ်ခေါက်လာစရာမလိုပဲ ချက်ချင်းအဆင်ပြေသွားပါတယ်။ဒါလေးလည်း ဘာမှမဟုတ်သလိုပါပဲ..ဒါပေမဲ့ မသိရင်တော့ Gtalk အားပြုတဲ့ကျွန်တော်တို့အတွက်တော်တော် ကသိကအောက်ဖြစ်စေပါတယ်။

မိတ်ဆွေတို့ ဒီပြဿနာဖြစ်ခဲ့ရင် ပုံမှာပြထားသကဲ့သို့ Gtalk icon ပေါ် Right click ထောက်ပြီး Properties ကိုသွားပါ။
ပြီး Compatibility tab ကို ကလစ်လိုက်ပါ။

ပြီး ပုံမှာပြထားတဲ့နေရာမှာ အမှန်ခြစ်တစ်ခုခုရှိခဲ့ရင် ဖြုတ်ပေးလိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...