Monday, July 4, 2011

Online ပေါ်မှာ လိုတဲ့စာအုပ်ဘယ်လိုရှာမယ်

ဒီနေ့ ကျွန်တော် အွန်လိုင်းပေါ်မှာ ကိုယ်လိုအပ်တဲ့စာအုပ်တွေကို တစ်နေရာတည်းမှာ
ပြည့်ပြည့်စုံစုံလွယ်လွယ်ကူရှာဖွေနိုင်တဲ့ ဆိုဒ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့
http://www.library.nu ဆိုတဲ့ဆိုဒ်လေးပါ။



ဟိုးအရင်ကတော့ Gigapedia ဆိုပြီးစတင်ရာကနေ ခုတော့ ဒီနာမည်ပြောင်းလိုက်ပါပြီ။ တစ်ခြားအသုံးများတဲ့ ဆိုဒ်တွေလည်းရှိပါသေးတယ်။ http://www.4shared.com, http://www.scribd.com တို့ပါ။ သူတို့က အစကတော့ Free ပေးပြီးခုတော့ အကန့်အသတ်နဲ့ပဲ ဒေါင်းခွင့်ပေးပါတော့တယ်။အကောင့်ဝယ်ထားရင်တော့ စိတ်ကြိုက်ဒေါင်းလို့ရပါတယ်။ ဒေါင်းချင်ရင် ကိုယ့်ဆီကတစ်ခုတင်ပေးရမယ်ဆိုတာလည်း လုပ်တတ်ပါတယ်။ဘာသာရပ်ဆိုင်ရာ စာအုပ်တွေဟာ Free ရဖို့ ရှာရခက်ပြီး သက်ဆိုင်သူအတွက် အလွန်တန်ဖိုးရှိပါတယ်။
ကဲ ခုတော့ ခင်ဗျားတို့လည်း ဘယ်လိုရှာရမယ်ဆိုတာ သိပြီဆိုတော့ ကိုယ့်နိုင်ငံအကျိုးများဖို့အတွက် နီးစပ်ရာကျောင်းသူ၊ကျောင်းသား၊စာဖတ်သူတွေကိုလည်း လက်ဆင့်ကမ်းလိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါရစေဗျာ။


အားလုံးပဲ အဆင်ပြေကြပါစေ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...