Sunday, October 2, 2011

ဘင်လာဒင် စစ်ဆင်ရေးတွင် အသုံးပြုခဲ့သော အမေရိက၏ ရေဒါမမိသော လျှို့ဝှက် ဟယ်လီကော်ပတာ



ဘင်လာဒင်စစ်ဆင်ရေးပြီးတဲ့နောက် အမေရိကန်တွေဟာ သူတို့ရဲ့စက်ချို့ယွင်းနေသဖြင့်ထားခဲ့ရမယ့် ရဟတ်ယာဉ်တစ်စီးကို
ဖောက်ခွဲပစ်ခဲ့ပါတယ်။ ဒါဟာဘယ်လောက်ထိအရေးကြီးသလဲဆိုတာကို ခုတော့ကျွမ်းကျင်ပညာရှင်တွေက ကျန်ခဲ့တဲ့အစိတ်အပိုင်းတွေကို ကြည့်ရှုစစ်ဆေးရာကနေ သိရှိသွားခဲ့ပါပြီ။ ဒါကတော့ ကောလဟာလအနေနဲ့သာတည်ရှိနေပြီး မည်သူမျှမမြင်ဖူးကြတဲ့ ကိုယ်ပျောက်နည်းပညာသုံး Stealth Blackhawk ရဟတ်ယဉ်ပဲဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ထည်ကို ရေဒါမမိတဲ့အထူးဆေးရည်သုတ်လိမ်းထားပြီး၊ လေယာဉ်ပန်ကာသံကလည်း ညက်ညောလွန်းလို့ ကိုယ့်ခေါင်းပေါ်ရောက်မှသာကြားနိုင်ပါတယ်။ သူ့ရဲ့ကိုယ်ထည်တွေကိုလည်း အလွန်ပေါ့ပါးကောင်းမွန်တဲ့
သတ္ထုစပ်တွေနဲ့လုပ်ထားတာပါ။ နောက်ပြီး ဒီလေယာဉ်ရဲ့ပန်ကာထိပ်မှာအအုပ်လေးပါတာဟာလည်း သူ့ရဲ့ဆူညံမှုနဲ့ရေဒါကိုရှောင်တိမ်းရာမှာ အထောက်အကူပြုပေးတဲ့အရာတွေဖြစ်ပါတယ်။ ခုဆိုရင် ပန်တဂွန်စစ်ဌာနချုပ်ဟာ
ဒီလေယာဉ်အစိတ်အပိုင်းတွေ တရုတ်အစိုးရလက်ထဲကို ရောက်ရှိမှာကို အလွန်ပဲစိုးရိမ်နေလောက်ပါပြီ။

အမေရိကန်တွေဟာ ကိုယ်ပျောက်ရဟတ်ယာဉ်တည်ဆောက်ဖို့ အတွက် Boeing နဲ့ Sikorsky ကုမ္ပဏီတို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ ဒီအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။ ရပ်ဆိုင်းလိုက်တဲ့အချိန်ထိ
ကုန်ကျစားရိတ်ဟာ ဒေါ်လာ ၆.၉ ဘီလီယံ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပေမယ့် ဒီကနေပြီးတော့
ရရှိလာတဲ့သုတေသနရလဒ်တွေဟာ နေရာတိုင်းလိုလိုမှာ အသုံးဝင်တဲ့ရလဒ်တွေပဲဖြစ်ပါတယ်။ ဒီ Blackhawk လေယာဉ်ကို ကိုယ်ပျောက် Version ထုတ်နိုင်တာဟာလည်း ဒီသုတေသနရဲ့အသီးအပွင့်တွေပါပဲ။ ၂၀၀၄ တုန်းက ဖျက်သိမ်းလိုက်တဲ့ လေယာဉ်ရဲ့စွမ်းဆောင်ရည်ကို အောက်ပါဗီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...