Sunday, January 15, 2012

ကြိုဆိုခြင်းတေးချင်းသံ





ကြိုဆိုခြင်းတေးချင်းသံ


ကျောင်းနံရံ ဒီတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မည့်
ဒီလူတွေ ပြန်ခရီး
နတ်တီးလို့ ပြည်ဟီးကျော်
ပြည်သူတွေ လမ်းပေါ်ထွက်

ကြိုဆီးလို့ အားမာန်တက်
ဘယ်မဝေးတဲ့ ဒီမိုခရီး
တက်လှမ်းစို့ ငါတို့မငြီး
အောင်စေဟေ့ အောင်စေ။..။
ညောင်ပင်တစေ ငါတို့မကြေ

အို..မြေကမ္ဘာတုန်ဟီးစေ.....။

ကမ္ဘာမကြေတဲ့ မြန်မာတွေ။
ကမ္ဘာမကြေတဲ့ မြန်မာတွေ။
အို…….
ဘယ်ကမ္ဘာမကြေတဲ့ မြန်မာတွေ ။…...။

                                                       စစ်ရန်နိုင်

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...