Wednesday, March 21, 2012

ပြည်သူ့အတွက် မြို့တော်စည်ပင်



ပြည်သူ့အတွက်မြို့တော်စည်ပင်ဆိုလိုက်လို့ ကိုယ့်နိုင်ငံကလို့တော့ ထင်မသွားကြနဲ့ဦး။ ဒီမနက် (၁ နာရီ) မှာ ကျောင်းကနေအိမ်ကိုအပြန် လမ်းကူးဖို့စောင့်နေတုန်း လူသွားလူနာနဲတတ်တဲ့ ခုလိုအချိန်တွေမှာ လမ်းလယ်ခေါင်မှာ ပြင်စရာရှိတာကို အသည်းအသန်ပြင်ဆင်နေတတ်တဲ့ ကိုရီးယားက စည်ပင်သာယာ လုပ်သားတွေကို မှတ်တမ်းတင်လိုက်တာပါ။

ဒါကတွေ့နေကျတွေပါ .. ဒီနေ့မှ သီချင်းလေးနားထောင်ရင်း ကျောင်းကအပြန် လမ်းကူးဖို့စောင့်ရင်း သတိရလို့ အမိအရရိုက်ယူလာလိုက်တာပါ။ ကိုယ့်နိုင်ငံလည်း ဒါမျိုးလေးတွေ မြန်မြန်ဆန်ဆန်လုပ်သင့်တာကို လုပ်တတ်တဲ့အကျင့်လေးရရင် တော်တော်ကောင်းပါမယ်။
ဒါနဲ့ ဓါတ်ပုံရိုက်နေတုန်း နောက်ကလူသံကြားလို့ လှည့်ကြည့်လိုက်တော့ မူးနေတဲ့ကောင်မလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်က တွဲလာနေတယ်ဗျို့။ ဒါလည်းတွေ့နေကျတွေပါပဲ။

ကျောင်းပိတ်ရက်ဆိုရင်တော့ ကျောင်းသွားကျောင်းပြန် အေးဆေးပေမယ့် ဖွင့်ရက်ဆိုရင်တော့ လမ်းတလျောက်အမူးအရူးတွေချည်းပါပဲ။ သူငယ်ချင်းတစ်ယောက် ပြောတာလေးသွားသတိရပြီး ကိုယ့်နိုင်ငံအတွက်စိုးရိမ်မိတယ်။ "ဒို့နိုင်ငံက မဟုတ်တာဆို သိပ်အတုခိုးလွယ်ကြတယ်ကွ" တဲ့။ ကိုရီးယားဆို အရူးအမူးဖြစ်နေတဲ့ ကိုယ့်နိုင်ငံက အတုခိုးသင့်တဲ့ မင်္ဂလာပါလို့နှုတ်ဆက်တာကိုတော့ မခိုးပဲ.. အရက်မူးကလပ်တက်တာကိုပဲ အတုခိုးကြမှာစိုးရိမ်မိပါရဲ့ဗျာ။

သူ့ဟာသူမူးမူးရူးရူးလုပ်ချင်ရာလုပ်တော့ မင်းနဲ့ဘာဆိုင်လဲလို့ မေးစရာရှိပါတယ်။ ကျွန်တော့်အတွက်တော့ မစိုးရိမ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်သားသမီးအတွက် စိုးရိမ်လို့ပါလို့ ပြောပါရစေ။ ခင်ဗျားတို့ကော ကိုယ့်သားသမီးအတွက် မစိုးရိမ်ကြဘူးလား ?

1 comment:

  1. အမှတ် ၁၉ တကောင်းလမ်း လင်းလွန်းတောင် ရပ်ကွက်စမ်းချောင်းမြို့နယ် ရန်ကုန်မြို့
    အိမ်ကို ခွင့်ပြုချက်မဲ့ အကြီးစားပြုပြင် မှု့ အန္တရယ်ရှိ
    ပြုပြင်နေပါတယ်
    မြို့နယ် စည်ပင် မှလည်း ၅ရက် ရှိသော်လည်း အန္တရယ်
    ရှိတာကို ဘာကြောင့် မသိ သည်ကိုတော့ မသိပါ
    ၎င်း ကိစ္စ ကွင်းဆင်း စစ်ဆေးသင့်ပါတယ် ရှင့်

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...