Saturday, March 24, 2012

မိန်းကလေးများရင်ဆိုင်နေရတဲ့ တစ်ခုတည်းသောကြောက်စရာအကောင်းဆုံးရောဂါ


မိန်းကလေးများရင်ဆိုင်နေရတဲ့ တစ်ခုတည်းသော ကြောက်စရာအကောင်းဆုံးရောဂါဟာ  နှလုံးရောဂါဖြစ်လာပြီလို့ Cedars-Sinai Heart Institute က Women's Heart Center ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Dr. C.Noel Bairey Merz က တင်ပြသွားပါတယ်။ အရင်ကဆိုရင် ရင်သားကင်ဆာဟာ မိန်းကလေးတွေအတွက်  ကြောက်စရာအကောင်းဆုံး ရောဂါတစ်ခုဖြစ်ရာကနေ အားလုံးညီညီညာညာနဲ့ Campaign တွေ သုတေသနတွေလုပ်ရာမှ ခုဆိုတော်တော်လေးလျော့ကျသွားတဲ့ အခြေအနေရောက်သွားပါပြီ။ ဒါပေမယ့် ယခုအချိန်မှာဆိုရင် နှလုံးရောဂါဟာ မိန်းကလေးတွေအတွက် ကြောက်စရာရောဂါတစ်ခု ဖြစ်လာပါပြီ။ ယခင်က နှလုံးရောဂါဟာ အမျိုးသားတွေမှာသာ အဖြစ်များတဲ့အတွက် လွန်ခဲ့သောနှစ် ၅၀ ခန့်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတွေဟာလည်း အမျိုးသားတွေကိုသာ အဓိကထားပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ ဖြစ်တဲ့ရောဂါပုံစံဟာ ယောက်ျားလေးတွေမှာဖြစ်တတ်တဲ့ နှလုံးရောဂါပုံစံနဲ့မတူတဲ့အတွက် မိန်းကလေးတွေဟာ မှန်ကန်တဲ့ Treatment ကိုမရပဲဖြစ်ကြရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းနှစ်များမှာ မိန်းကလေးတွေဟာ နှလုံးရောဂါနဲ့အသေအပျောက်များလာကြရပါတယ်လို့ သူကဆိုသွားပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာတုန်းကလို Campaign တွေပြုလုပ်ကာ ဒီနှလုံးရောဂါကို သုတေသနလုပ် အဖြေရှာကြိုးပမ်းကြဖို့ အချိန်ကျရောက်ပြီလို့ သူကဆက်လက်ပြီး တိုက်တွန်းပြောကြားသွားပါတယ်။ အောက်မှာနားဆင်ကြည့်နိုင်ပါတယ်။




ကိုယ့်ပြည်တွင်းက ဆရာဝန်တွေလည်း ကျန်းမာရေးသုတေသနတွေနဲ့ အလှမ်းမဝေးပါစေနဲ့လို့ ဆုတောင်းလိုက်ရပါတယ်။ ကျန်းမာချမ်းသာကြပါစေဗျာ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...