Monday, March 12, 2012

၃၅ ဒေါ်လာတန်ကွန်ပြူတာ (Raspberry Pi)


ကဲ လုပ်ချလိုက်ပြန်ပြီ။ ခရက်ဒစ်ကတ် အရွယ်အစားသာ ရှိတဲ့ ဒီကွန်ပြူတာလေးကို  Raspberry Pi Foundation ကနေ ၃၅ ဒေါ်လာလောက်နဲ့ ဖြန့်ချိမယ်လို့ဆိုပါတယ်။ ပထမအသုတ်ရောင်းချခြင်းကိုတော့ တရုတ်နိုင်ငံရှိစက်ရုံက ဂျက်ပင်လွှဲမှားတပ်ဆင်မိလို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။ Raspberry Pi Foundation ကတော့ UK မှာ Registered လုပ်ထားတဲ့ Charity အဖွဲ့တစ်ခုပါ။ သူတို့အဆိုကတော့ နောက်မျိုးဆက်ကလေးငယ်တွေကို Programming နဲ့ ပက်သက်လို့ ပိုမိုကျွမ်းဝင်စေအောင်လို့ လို့ဆိုပါတယ်။ သူတို့တွေကတော့ ဒီကွန်ပြူတာလေးထွက်လာရင် ဒါကိုသုံးပြီးဘာထွင်မယ်ဆိုတာမျိုးတွေကို စဉ်းစားနေကြပါပြီ။ ကျွန်တော်တို့ လူမျိုးတွေမှာ ဒီလိုစိတ်မျိုးနည်းနေတယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ရလာတဲ့ပစ္စည်းကို အသင့်သုံးရုံလောက်ပဲ သုံးလေ့ရှိပါတယ်။ လက်ထဲရောက်လာတဲ့ ပစ္စည်းနဲ့ ဘာတွေလုပ်မယ် ဆိုတာမျိုးလေးတွေ တွေးသင့်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကဆိုရင် ၀က်ဆိုဒ်တွေမှာ ဒီ Raspberry Pi ဟာ Lady Gaga ထက်ကိုပေါ်ပြူလာဖြစ်ခဲ့တယ်လို့ စာရင်းဇယားတွေက ဆိုပါတယ်။ တစ်ချို့ကလည်း ဒါလေးကို ချစ်စနိုးနဲ့ Carputer (ကားထဲကကွန်ပြူတာ) လို့ ခေါ်ဆိုကြပါတယ်။


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...