Wednesday, April 4, 2012

နူကလီးယား ရီအက်တာကို တည်ဆောက်တဲ့ ၁၇ နှစ်သားလေး


မယုံနိုင်စရာပါပဲ။ အသက်ဆယ့်နှစ်နှစ်လောက်ကတည်းက စပြီးတော့ ဒီနူကလီးယားရီအက်တာကို စိတ်ဝင်တစားနဲ့ သူ့အိမ်နောက်ဖေးက ဂိုထောင်ထဲမှာ လုပ်ကိုင်ခဲ့ပါတယ်တဲ့။ ခုတော့ ၁၇ နှစ် ပဲရှိသေးတဲ့ ဒီသူငယ်က ပြည်ထဲရေးဝန်ကြီးဌာနအတွက် သုတေသနလုပ်နေပါတယ်တဲ့ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံအတွက်တော့ သုတေသနရဲ့တန်ဖိုးကို နားလည်ပြီးလုပ်နိုင်ကိုင်နိုင်တဲ့သူတွေ ရှိလာဖို့ကို တော်တော်ကြိုးစားရဦးမယ်ထင်ပါတယ်။ ဘာကြောင့်ဒီကလေး ဒီလိုတော်ရတာလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ပင်ကိုယ်ကတော်လို့လား ? ကြိုးစားအားထုတ်မှုကောင်းလို့လား ? ပတ်ဝန်းကျင်ကောင်းလို့လား ? ငွေကြေးတတ်နိုင်လို့လား ? ဒါမှမဟုတ် ဒီအချက်အားလုံးကြောင့်လား ဆိုတာလေးကို စဉ်းစားအဖြေရှာကြည့်ကြစေချင်ပါတယ်။ ဒီမေးခွန်းရဲ့အဖြေတွေဟာ တိုးတက်ဖို့လမ်းစအတွက် တက်လှမ်းတော့မယ်ဆိုတဲ့ ကိုယ့်တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါပဲခင်ဗျာ။ ကဲ ကလေးဘာတွေပြောသွားတယ်ဆိုတာလေး ရှုစားကြည့်ကြပါဦးခင်ဗျာ။





No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...