Thursday, April 26, 2012

ဗြိတိန်အတွက်ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ် ဘက်စုံသုံးတိုက်လေယာဉ် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု


Lockheed Martin Company ရဲ့ ဗြိတိန်နိုင်ငံအတွက် ထုတ်လုပ်လိုက်တဲ့ ပြေးလမ်းတိုနှင့် ဒေါင်လိုက်တက်ဆင်းနိုင်တဲ့ F 35 Lightning II (F-35B STOVL) ၏ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခြင်းကို April 13 ရက်နေ့မှာ Lockheed test pilot ဖြစ်တဲ့ Bill Gigliotti ကနေဦးဆောင်ပြီး ၄၅ မိနစ်ကြာ လုပ်ဆောင်ခဲ့ကြပါတယ်။      

    
© Lockheed Martin

ဗြိတိန်အစိုးရကို လွှဲပြောင်းပေးအပ်ဖို့အတွက်ကတော့ အစိုးရနဲ့ကုမ္ပဏီရဲ့ စမ်းသပ်ပျံသန်းမှုများစွာကို လုပ်ဆောင်ရဦးမှာဖြစ်ပါတယ။ ယခုဒီလေယာဉ်ကိုတော့ ယခုနှစ်နှောင်းပိုင်းတွေမှာ ပြုလုပ်မယ့် စမ်းသပ်ပျံသန်းခြင်းများအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ထိုစမ်းသပ်မှုများကိုတော့ အမေရိကန်၏
F-35 လေယာဉ်လေ့ကျင့်ပျံသန်းရာနေရာဖြစ်တဲ့ Eglin Airforce Base, Florida မှာလုပ်ဆောင်မှာ
ဖြစ်ပါတယ်။

uk raf f-35, lockheed martin
 © Lockheed Martin
The UK’s first F-35B made its inaugural test flight on 13 April

ဒီစမ်းသပ်ပျံသန်းမှုဟာ Joint Strike Fighter programme ၏ အဓိက အောင်မြင်မှုတစ်ရပ်ဖြစ်သလို ဗြိတိန်အစိုးရ၏လက်ဝယ်သို့ ဒီ 5th Generation တိုက်လေယာဉ် ရောက်ရှိဖို့တစ်လှမ်း နီးကပ်လာခြင်းဖြစ်တယ်လို့ ဗြိတိန်၏ Joint Strike Fighter programme အကြီးအကဲတစ်ဦးဖြစ်တဲ့ Gp Capt Harv Smyth ကပြောကြားသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က လေကြောင်းပြပွဲမှာ ဒီလေယာဉ်ကို အနီးကပ်ကြည့်ရှုခွင့် ရခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သူ့ရဲ့ weapon, radar jamming systems တွေကိုလည်း မေးစမ်းခွင့်ရခဲ့ပါတယ်။ ကိုယ့်နိုင်ငံနဲ့ အလှမ်းဝေးလွန်းပေမယ့် လေ့လာခွင့်ရတုန်းတော့ လက်လွတ်မခံခဲ့ပါဘူး။ တစ်ချိန်မှာ စိတ်ဝင်စားတဲ့ ကိုယ့်နိုင်ငံကလူငယ်တွေကို ဒီဗဟုသုတတွေ ဝေမျှပေးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။

အောက်မှာတော့ ဒီလေယာဉ်အမျိုးအစားတွေရဲ့ လက်နက်အပါအ၀င် တစ်စီးချင်းတန်ဖိုးတွေပါ။ တန်ဖိုးကွဲလွဲမှုရှိနိုင်ပါတယ်။

 F-35A - US$   197     သန်း  (ရိုးရိုးတက်ဆင်းလေယာဉ်)
 F-35B - US$    237.7 သန်း  (ဒေါင်လိုက်တက်ဆင်းလေယာဉ်)
 F-35C - US$   236.8  သန်း  (လေယာဉ်တင်သင်္ဘောပေါ်သုံးလေယာဉ်)

တကယ်တမ်းတော့ ဒေါင်လိုက်တင်ဆင်းလေယာဉ်ဆိုတာ နည်းပညာအသစ်တစ်ခုမဟုတ်ပါဘူး။ ၁၉၆၉ ခုနှစ်တွေကတည်းက ဗြိတိန် BAE ကနေပြီး Harrier Jump Jet ဆိုပြီး ဒေါင်လိုက်တက်ဆင်းလေယာဉ်ကို ထုတ်လုပ်ခဲ့ပါတယ်။ အောက်ပါပုံမှာ ရှုစားနိုင်ပါတယ်။ သူ့ကိုအဓိကအသုံးပြုခဲ့ကြတဲ့ဌာနတွေကတော့
US Marine Corps, Royal Air Force, Royal Navy, Indian Navy နှင့် Spanish Navy တို့ပဲဖြစ်ပါတယ်။
Royal Air Force နှင့် Royal Navy မှာတော့ ဒီလေယာဉ်တွေကို အနားပေးလိုက်ပြီ ဖြစ်ပါတယ်။


Harrier Jump Jet


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...