Thursday, April 12, 2012

ကျိုက်ထီးရိုး (Kyaik Htee Yoe- The Golden Rock)




ဒီမူဗီလေးတွေ့လို့ သဘောကျတာနဲ့ မျှဝေလိုက်ပါတယ်။ ရန်ကုန်မှာကျောင်းတက်ခဲ့ပေမယ့် ဒီကျိုက်ထီးရိုးကို မရောက်ဖူးခဲ့ပါဘူး။ သွားမယ်သွားမယ်နဲ့ပဲ ကျောင်းကလည်းပြီးသွားပြီး လုပ်သင့်တာတွေပဲ လှည့်ပတ်လုပ်နေခဲ့ရပြန်ပါတယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ သွားဖြစ်လောက်ကောင်းပါရဲ့လို့ပဲ တွေးမိပါတယ်။ မြန်မာပြည်ပြန်ရောက်ရင် ပထမဆုံးသွားချင်တဲ့ခရီးကတော့ ပုဂံဘုရားပုထိုးတွေကြား စိတ်ရှိသလိုလွတ်လွတ်လပ်လပ်နဲ့ ကင်မရာလေးထမ်းလို့ပေါ့၊ ပြီးရင်တော့ ဟိုးရခိုင်ပြည်နယ်က ဘုရားတွေဆီအထိ အရောက်သွားဖူးချင်မိတယ်။ ကျိုက်ထီးရိုးကိုတော့ အပေါင်းအသင်းတွေစုပြီး ပျော်ပျော်ပါးပါးတက်ချင်မိတယ်ဗျာ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...