Thursday, June 7, 2012

ကျွန်တော်တို့ အင်တာနက်ကြီး ဘယ်လိုအလုပ်လုပ်ပါသလဲ

တစ်နေ့ထက်တစ်နေ့ အင်တာနက်ဆိုတာကြီးက ကျွန်တော်တို့ဘ၀ထဲမှာ မရှိမဖြစ်အရာတစ်ခုအနေနဲ့ နေရာယူလို့လာနေပါတယ်။ အောက်ကဗီဒီယိုထဲမှာတော့ ကျွန်တော်တို့ဝက်ဆိုဒ်တစ်ခုကို ဖွင့်လိုက်တိုင်း အင်တာနက်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပြထားတာပါ။ ၀က်ဆိုဒ်တစ်ခုကို မြင်ရဖို့အတွက် ကမ္ဘာတစ်ပတ် ဒေတာတွေဟာ ပြေးလွှားနေရတာပါ။ ကျွန်တော်တို့တွေရဲ့ အင်တာနက်ကေဘယ်တွေဟာ ဟိုးမြေအောက်၊ ရေအောက် (သမုဒ္ဒရာအောက်) တွေကနေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်သွယ်ထားတာပါ။ ဒါ့ကြောင့် ငလျင်လှုပ်တာတို့ဘာတို့ ဖြစ်ပြီးတဲ့အခါမှာ မြေအောက်ကကြိုးပြတ်တောက်မှုတွေ ဖြစ်တာကြောင့်အင်တာနက်တွေ ပြတ်တောက်တတ်ပါတယ်။ ဒေတာလေးတွေ ပြေးနေတာကိုမြင်ပြီး အေသင်မြို့ကအပြေးသမားလေးကိုတောင် သတိတရဖြစ်စေပါတယ်။ လူသားတွေကို အကြိုးပြုဖို့နယ်ဝေး တစ်နေရာကနေတစ်နေရာကို ပြေးလွှားလို့သတင်းအချက်အလက် သယ်ဆောင်ပေးခဲ့တာ ဒီအေသင်အပြေးသမားလေးပဲ မဟုတ်လားဗျာ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...