Thursday, June 28, 2012

ခေတ်

ဝေစားမျှစားဆိုပေမယ့်
စေတနာသမားတွေ မကြီးပွားတဲ့ခေတ်။
နေရာသိပ်များတယ်ဆိုပေမယ့်
ငွေသာမပါရင် ပေတရာလျှောက်ရတဲ့ခေတ်။

ကောင်းတာတွေပေါပေမယ့်
ဟောင်းတာတွေနဲ့ပဲ နှစ်ပါးသွားရတဲ့ခေတ်။
ရွှေသံတွေပလူပျံပေမယ့်
နာလန်ကို မထူနိုင်တဲ့ခေတ်။

သာသနာရောင်ထွန်းပြောင်ပေမယ့်
သံဃာတွေနေစရာပျောက်တဲ့ခေတ်။
နိုင်ငံတကာနဲ့ဆက်ဆံနေရပေမယ့်
နိုင်ငံရေးစိတ်မ၀င်စားရဲတဲ့ခေတ်။


ပညာခေတ်လို့ တကြော်ကြော်အော်ပေမယ့်
ပညာရှင်ဆို လူရာမ၀င်တဲ့ခေတ်။
ပညာမတတ်ပေမယ့်
ကြယ်ရောက်လက်ရင် ကဒီးလက်နဲ့နေရတဲ့ခတ်။

တရားဥပဒေစိုးမိုးရေးဆိုပေမယ့်
လိုင်စင်ရ သူခိုးဓါးမြကြောက်ရတဲ့ခေတ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုပေမယ့်
အမေကျော်ဒွေးတော်လွမ်းတဲ့ခေတ်။


ဆည်တကာလည်ဆောက်ပေမယ့်
နိုင်ငံတ၀ှမ်း အမှောင်လွှမ်းတဲ့ခေတ်။
သက်သာချောင်ချိရေးဆိုပေမယ့်
ထမင်းတစ်နပ်အတွက် အသက်ထွက်မတတ်လုပ်ရတဲ့ခေတ်။

-
-
-

ဒီလိုနဲ့
ထမင်းတစ်လုပ်အတွက် တစ်နေကုန်အလုပ်လုပ်သူလုပ်
ကျောင်းတော်မှာ ပညာသင်ကြားသူတွေက၀မ်းပူရနဲ့
နေ့စဉ်ဗာဟီရတွေကြားမှာပဲ ကျုပ်တို့ဗျာများခဲ့ရတယ်ဗျာ။


မောင်ဝမ်းနွယ်






No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...