Saturday, September 1, 2012

အားလုံးပျော်ရွှင် ကုသိုလ်ဖြစ်စေခဲ့တဲ့ ဓမ္မဒူတအပျော်ခရီးစဉ် - ၂

တရုတ်စာများနှင့် ကျောက်တုံး


ကျောက်တုံးရှိရာနေရာမှာ ကျောက်တုံးကြီးရဲ့ ရာဇ၀င်နှင့် ကိုရီးယားမှာတရုတ်စာများကို ယူသုံးနေသော်လည်း မူရင်းတရုတ်အဓိပ္ပာယ်နှင့်မတူဘဲ သူ့အဓိပ္ပာယ်သူသာဆောင်ကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြပါသေးတယ်။


ဆောလတ်တောင်ပေါ်ကို တက်ရောက်နိုင်သော လမ်းကြောင်းများကို ပြသထားသောမြေပုံ။

ကိုရီးယားနိုင်ငံမှာ တောင်ကုန်းများ အင်မတန်ပေါများပါတယ်။ ဆိုးလ်မြို့ထဲမှာပင် တောင်ကုန်းတောင်တန်းများ အင်မတန်ပေါပါတယ်။ စနေတနင်္ဂနွေ အားလပ်ရက်များမှာ ကိုရီးယားလူမျိုးများဟာ တောင်တက်လေ့ရှိကြပါတယ်။

ကျွန်တော်တို့တစ်တွေ တောင်ခြေကိုပြန်လည် ရောက်ရှိချိန်မှာတော့ ပြောင်းဖူးစားသူစား၊ ကော်ဖီသောက်သူ သောက်ကြပါတော့တယ်။ တောင်ဆင်းလမ်းတစ်လျှောက်မှာတော့ ခရီးသွားကားများ တဖွဲဖွဲရောက်ရှိလာကာ တက်ရောက်ကြတာကို တွေ့ရပါတယ်။ အများစုကတော့ တရုတ်လူမျိုးများဖြစ်ကြပါတယ်။ ထို့နောက် ကျွန်တော်တို့တစ်တွေ ကားပေါ်ကိုပြန်တက်ကြကာ နာမည်ကြီးပင်လယ်ထွက် ပစ္စည်းများလက်လီလက္ကားဖြန့်တဲ့နေရာဘက်ကို ထွက်ခဲ့ကြပါတော့တယ်။ 


စားကြသောက်ကြ


ပြန်လည်ထွက်ခွာ


ထိုနေရာလေးလည်း ညှီနံ့နံတာကလွဲရင် တော်တော်လေးသာသာယာယာ ရှိလှပါတယ်။ အဲ့ဒီမှာ ပင်လယ်ကြီးကို မြင်ရတာဟာ တော်တော်ကိုစိတ်ကြည်နူးစေပါတယ်။ အဲ့ဒီမှာပဲ ယခုလမ်းတစ်လျှောက် အင်ဒိုနီးရှားပါတိတ်အင်္ကျီဝတ်လာသဖြင့် အင်ဒိုသံအမတ်ကြီး ဆလာမလေးကွန်းဟု ကျွန်တော်ကနောက်ပြောင် နှုတ်ဆက်လေ့ရှိသော ဦးလေးကြီးကို ဓါတ်ပုံရိုက်ပေးခဲ့ရပါသေးတယ်။ ဘယ်သူမှတောင် မစဉ်းစားမိသေးဘဲ သူကအရင်ဆုံး ဟိုးအောက်ကိုဆင်းလို့ ဒီမှာငါ့ကို ဓါတ်ပုံရိုက်ပေးဆိုပြီး လှမ်းအော်လိုက်မှ သူငယ်ငယ်က ရွှေတစ်မတ်သားပေးပြီး လဲလှယ်ထားတဲ့ Rayban မျက်မှန်ကြီးတ၀င်းဝင်းနဲ့ သူ့ကိုအန္တာရာယ်များတဲ့ ကျောက်တုံးတွေကြားမှာ မြင်လိုက်ရပါတော့တယ်။

ပင်လယ်ငါးဈေးတန်း


ကျွန်တော်စနောက်လေ့ရှိသော ဦးလေးကြီး

ထိုမှတဆင့် ကျွန်တော်တို့ရဲ့ နောက်ဆုံးသွားရောက်မည့် နတ်ဆန်းကမ်းခြေသို့ ခြေဦးလှည့်ထွက်ခွာလာခဲ့ပါတယ်။ နေ့လည်စာ စားသောက်ချိန်လည်းဖြစ်တဲ့အတွက် ကမ်းခြေနှင့်ကပ်လျက်ရှိသော စားသောက်ဆိုင်ကို ရွေးချယ်ကာစားသောက်ကြပါတယ်။ မှာယူထားတဲ့ အစားအစာကတော့ ဟယ်မူလ်ထန်းလို့ခေါ်ပါတယ်။ ပင်လယ်ထွက်ငါးပုဇွန်တွေနဲ့ အရွက်တွေပြုတ်ထားတာပါပဲ။ အဲ့ဒီလိုအပြီးစလွယ် ကိုရီးယားတွေရှေ့တော့ သွားမပြောမိစေနဲ့ဗျ။ သူတို့က သူတို့အစားအစာက ကမ္ဘာမှာအကောင်းဆုံးလို့ ပြောလေ့ရှိတဲ့သူတွေဗျ။ ရောက်ကာစတုန်းက ထမင်းသွားစားရာမှာ အမဲသားပါတဲ့ဟင်းမှာလိုက်တာ အရိုးတွေချည်းဖြစ်နေလို့ ကျွန်တော်ကလည်း ဒါမျိုးဆို ဒို့ဆီမှာ မရှိဆင်းရဲသားတွေပဲ စားတာလို့ ခင်မင်ရတဲ့ ကိုရီးယားသားတစ်ယောက်ကိုတော့ ပြောဖူးပါတယ်။ မကြိုက်သော်ရှိ ကြိုက်သော်ရှိ ကိုယ်လည်းနိုင်တာနဲ့ တီးရတာပေါ့ဗျာ ..ဟဲ ဟဲ (ကိုတာလေသံ)။ အဲ့ဒီဟာက ဒီဒေသရဲ့ အထူးအစားအစာပေါ့ဗျာ။ အသားစိမ်းစားချင်သူများလည်း စားကြဖို့စီစဉ်ထားပေမယ့် ကျွန်တော်တို့အဖွဲ့ဝင်တွေကတော့ မကြိုက်လို့မစားကြပါဘူး။



ဟယ်မုထန်း

အသားစိမ်း

နေ့လည်စာ စားရင်းသောက်ရင်းကပဲ ဦးနိုင်တို့ကနေပြီး ကျွန်တော်တို့ရဲ့ မင်းသားကြီးကိုတင့်ကျော်ကို အရက်နဲ့ဘီယာရောတိုက်ဖို့ အချက်ပေးလာပါတော့တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း မင်းသားနားကို နေရာပြောင်းယူပြီး ၂ ယောက်သားဘီယာသောက်ကြဖို့ နေရာယူလိုက်ပါတယ်။ အဲ့ဒီမှာ ဦးနိုင်ကနေပြီး မင်းသားသောက်ဖို့ ဘီယာနဲ့ဆိုးဂျုရောထားတဲ့ခွက်ကို မင်းသားဆီလာပေးပါတယ်။ (သူက အကနည်းပြဆရာတစ်ယောက်ပါ..ဒါ့ကြောင့် မင်းသားလို့ပဲခေါ်ပါတယ်။)

မင်းသားနဲ့ကျွန်တော်နဲ့ တစ်ခွက်ပြီးတစ်ခွက် သောက်ကြပါတော့တယ်။ အချိန်ခဏကြာလာတော့ ဦးနိုင်က ဟိုဘက်ဝိုင်းနားကနေ ထလာပြီး သူကိုယ်တိုင် သေချာအရသာစပ်လာတဲ့ အသားစိမ်းတွေ ကျွန်တော်နဲ့မင်းသားပါးစပ်ထဲကို လာခွံ့ပါတယ်။ ဇနီးသည်က ကျွန်တော်မကြိုက်မှန်းသိလို့ နေမကောင်းဖြစ်မယ် မစားပါနဲ့လားလို့ လှမ်းတားပါတယ်။ ကျွန်တော်လည်း အားလုံးပျော်ပါးစေဖို့ သူလာခွံ့တာကို လက်ခံစားပေးလိုက်ပါတယ်။ အဲ့ဒီမှာ ယောက်ျားလေးနဲ့ မိန်းကလေးတို့ရဲ့ နားလည်မှုကွာခြားပုံကို သွားပြီးသတိထားမိပါတယ်။ မိန်းကလေးအချင်းချင်း နားလည်မှုရှိတယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် စည်းမကျော်ကြပဲနေကြတာဖြစ်ပြီး၊ ယောက်ျားလေးများမှာတော့ သူ့လည်းနည်းနည်းချောက်ချမယ် ကိုယ့်အလှည့်ကျလည်း ပျော်ပျော်ကြီးခံမယ်ဆိုတဲ့ သဘောနဲ့ အပြန်အလှန် နားလည်တတ်ကြတာပါ။ ဒါလေးဟာ မိန်းကလေးများနဲ့ ယောက်ျားလေးများ ပေါင်းသင်းဆက်ဆံမှု ကွာခြားချက်လေးပါပဲ။

ကျွန်တော်ကိုယ်တိုင်လည်း အများနဲ့သွားရာမှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် စနောက်ပေးတတ်သလို ကိုယ်ကိုယ်တိုင်လည်း ခံပေးတတ်ပါတယ်။ အများနဲ့သွားရာလာရာမှာ အထူးဂရုစိုက်ရပါတယ်။ အရမ်းဦးစားပေးခံချင်ပြီး အသာစီးလိုချင်သူများပါလာခဲ့ရင် တစ်ဖွဲ့လုံးမပျော်မရွှင် ဖြစ်တတ်ပါတယ်။ ဆရာအောင်သင်းရဲ့ မိန်းမလှလေးများရဲ့ ဦးစားပေးခံချင်တတ်ပုံနဲ့ သူတို့ရဲ့စိတ်ဓါတ်ကြောင့် ခရီးသွားရာမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပုံတို့ကို ရေးပြထားတဲ့စာသားကို ဖတ်ပြီးချိန်ကစလို့ ကျွန်တော်တခြားသူများနဲ့ ခရီးသွားရာမှာ ထိုကဲ့သို့သောသူပါမှာကို စိုးရိမ်နေတတ်ပါတယ်။ ပါလာခဲ့ရင်လည်း အတတ်နိုင်ဆုံး အားလုံးနဲ့တသားတည်းဖြစ်အောင် ကြိုးစားပေးရပါတယ်။


မိန်းမကသဲသဲ သူကကဲကဲ - မင်းသားကြီး

ချောကလက်လေးတွေတန်းစီ


မူးပြီးပင်လယ်ထဲအရင်ဆင်းသူမင်းသား

ကျွန်တော့်လည်း ဆွဲချ

ဘောကွင်းလုကြ

ဘောကွင်းလုပွဲကြီး

ကျွန်တော်တို့ကိုကြည့်ပြီး ရယ်နေကြ

လေးယောက်လုံးရအောင်တက်မယ်ကွာ

တက်ကြပါဟ

မူမနေနဲ့လာခဲ့

သွားပါပြီ အင်ဒိုသံအမတ်ကြီးတော့

ခြေကုန်လက်ပမ်းကျ

ဈေးလာရောင်းသူ အဖွားအို

မဆင်းတော့လည်းမဆင်း ဆင်းပြီးတော့လည်း ပြန်မတက်.. တားထားတဲ့စည်းကိုပင်ကျော်တဲ့ ဦးလေး

ညနေပိုင်းရောက်တော့ လူပိုစည်ကားလာ

အဖွဲ့သားတွေပျော်ပျော်ကြီးစီး

အမူးလွန်အံပြီး မြေမြှုပ်ခံနေသူမင်းသားကြီး

မြေမြှုပ်ခံသူမင်းသား

တခြားသူများလည်းရေထဲဆင်းကြပြီ

ကျွန်တော်ရေချိုးပြီးပြီ

ဒီတိုင်းပဲကြည့်တော့မည်

စီးကြပြန်ပြီတစ်ခါ

ညစာစားကြ

ဂျယ်ယုဂ်

လာစပ်စုသူ

ညစာစားဖို့နားရာနေရာ


စာများကိုနောက်မှ ဆက်ရေးတော့မည်။း) ပုံများနှင့်ပြီးသလောက်စာကို အရင်တင်ထားလိုက်သည်။ မြန်မာပြည်က ဘော်ဒါကြီးကို ကြည့်ချင်လှသည်ဆို၍ ပြီးသလောက်တင်ပေးလိုက်သည်။



1 comment:

  1. ...တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍ စိတ်ညစ်စရာကောင်းသောသတင်းများကို လိုက်လံဖတ်ရှုပြီး မွန်းကျပ်နေချိန် ဆရာမောင်မျိုး(စက်မှု)၏ ခရီးသွားဆောင်းပါးက တောင်ပေါ်မှ လတ်ဆတ်တဲ့လေကို ကိုယ်တိုင်ရှူရသလိုမျိုး၊ကမ်းခြေမှာ ကိုယ်တိုင်အပန်းဖြေရသလိုမျိုး စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေပါသည်...ကျေးဇူးပါ ...ဆရာ ကျန်ရှိနေသော ခရီးစဉ်အပိုင်းများကို မျှော်လင့်နေပါသည် ...

    ReplyDelete

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...