Monday, September 24, 2012

The Lady ဇာတ်ကားထက် ပိုသဘောကျမိတဲ့ BBC ရဲ့ The Choice



The Lady ဇာတ်ကားကိုကြည့်ပြီး အကြီးအကျယ် စိတ်ပျက်မိပြီးနောက်ပိုင်း ဒီမူဗီလေးတွေ့လို့ တော်တော်ဝမ်းသာမိပါတယ်။ Documentary မူဗီတွေကို ရိုက်တာကတော့ BBC က ထိပ်တန်းဆို တာငြင်းလို့ရမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက အဖေကလည်းအရမ်းကြိုက်တဲ့အတွက် သားအဖနှစ်ယောက် အသည်းအသန်ကြည့်လေ့ရှိကြပါတယ်။ နိုင်ငံခြားရောက်တာနဲ့ အသည်းအသန်လိုက်ရှာပြီး Documentary တွေ အမြဲလိုကြည့်လေ့ရှိပါတယ်။ ငယ်ရွယ်စဉ် ဘာမှနားမလည်တုန်းကတောင် အရမ်းသဘောကျခဲ့တဲ့ Documentary မူဗီတွေဟာ ခုချိန်မှာဆို အရမ်းကိုကိုယ့်အတွက် အကျိုးရှိဗဟုသုတတွေတိုးရလို့ လူငယ်တွေကိုလည်း ကြည့်ရှုကြဖို့ကို အမြဲတိုက်တွန်းမိပါတယ်။

မြန်မာနိုင်ငံတံခါးဖွင့်လိုက်ပြီဆိုတဲ့အခါ ကိုယ့်နိုင်ငံရဲ့ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်တွေဖြစ်တဲ့ ပုဂံ၊ မြောက်ဦး၊ ကျိုက်ထီးရိုးသမိုင်း၊ လူမျိုးပေါင်းစုံအကြောင်း၊ ဧရာဝတီအကြောင်း စတာတွေကို BBC လိုနာမည်ကျော်တွေကနေ ရိုက်ကူးပြီး Documentary Movie တွေ ထုတ်လွှင့်ပြသပေးမှာကို ကျွန်တော်မျှော်နေခဲ့တာတွေ တကယ်ဖြစ်လာတော့မယ်ဆိုပြီးတွေးကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။
တစ်ခုပဲစိတ်ထဲမှာလိုနေတာက ဒေါက်တာသန်းထွန်းကြီးမရှိတော့တာပါပဲ။ သူသာရှိရင် သူ့ရဲ့သမိုင်းအသိနဲ့ BBC Documentary ရဲ့ ပညာနဲ့သာပေါင်းလိုက်ရင် ဗမာ့သမိုင်းအမှန်ကို နောင်လာနောက်သားတွေ ရုပ်ရှင်လေးကြည့်ရုံနဲ့ အလွယ်တကူ လေ့လာနိုင်ပြီပေါ့ဗျာ။ မြန်မာအသိပညာရှင် အတတ်ပညာရှင်များ အလျင်အမြန်တိုးပွားပေါ်ပေါက်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...