Monday, October 29, 2012

ကိုရီးယားမှ အာဆီယံအကပြိုင်ပွဲ


အာဆီယံနိုင်ငံများ ရိုးရာအကပြိုင်ပွဲကို ကျင်းပပေးနေတာဟာ ဒီနှစ်နဲ့ဆိုလေးကြိမ်မြောက်ခဲ့ပါပြီ။ မသွားတော့ဘူးမသွားတော့ဘူးနဲ့ ဒီနှစ်လည်းရောက်သွားပြန်ပါတယ်။ ကိုယ့်ဘော်ဒါ ၀င်ကမှာဆိုတော့ သွားရောက်ဓါတ်ပုံရိုက်မှတ်တမ်းလေးတင်ပေးဖို့ တာဝန်ကျလာပြန်ပါတယ်။ မကြည့်ဖူးသေးတဲ့ နီးစပ်ရာညီအစ်ကိုမောင်နှမတွေနဲ့အတူ ချီတက်အားပေးဖြစ်ခဲ့ပါတယ်။ နှစ်တိုင်းရောက်နေတဲ့ကျွန်တော် ဘာကိုအဓိကသတိထားမိလဲဆိုတော့ အခမ်းအနားမှူးနှစ်ယောက် ဒီနှစ်မှာအလွဲမလုပ်တော့တာပါပဲ။ အရင်နှစ်တွေကဆိုရင် ဆုတွေလွဲပေးတာမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဒီနှစ်တော့ သူတို့နှစ်ယောက် အမှားအယွင်းမရှိဘဲ အဆင်ပြေချောမွေ့တာကို တွေ့ရပါတယ်။

နောက်တစ်ခုကတော့ အဆိုတော်အဖွဲ့က ကလေးလေးတွေ တော်တော်အသက်ငယ်တာပါပဲ။ ကိုယ့်ဆီမှာဆိုရင် အိမ်တွေက ကလေးလေးတွေဆိုပြီး ဥထားမယ့်အရွယ်လေးတွေပါ။ ဒီမှာတော့ စင်ပေါ်မှာအပြတ်အသတ်ကို သီဆိုကခုန်နေကြပါတယ်။ သူတို့ကနေကြတာဟာ ကိုယ့်နိုင်ငံက ပရော်ဖက်ရှင်နယ်ဆိုတဲ့ ငနဲတွေကတာထက် သာပါတယ်။ ဒီကလေးတွေ ကျောင်းစာတစ်ဖက်နဲ့တောင် ကိုယ့်ဆီကအချိန်ပြည့် လေ့ကျင့်နေပါတယ်ဆိုတဲ့ ပရိုတွေထက် သာလွန်နေတာကို မြင်ရတော့ ကိုယ့်နိုင်ငံက ပရိုကြီးတွေကို မချင့်မရဲဖြစ်မိပါတယ်။ 

သို့သော်လည်း သူများကိုအပြစ်တင်ရတာ ခပ်လန့်လန့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်စာတစ်ခုကို သွားတွေ့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတာလေးကို သွားသတိရလို့ပါ။အဲ့ဒီစာလေးက သင်္ချာသမားဆိုတာဟာ အသက်သုံးဆယ့်ငါးမကျော်ခင်မှာ အထူးကြိုးစားရတယ်လို့ဆိုထားတာပါ။ (ဒီနေရာမှာ သင်္ချာသမားဆိုတာ ကျောင်းတက်ပြီးဘွဲ့ယူမယ်ဆိုတဲ့ သာမန်လူတွေကိုဆိုလိုတာမဟုတ်ပါ။ နိုဘယ်ဆုမှန်းထားတဲ့သူတွေကို ဆိုလိုတာပါ) အဲ့ဒီအချိန်ဟာ ဥာဏ်အကွန့်မြူးဆုံးအရွယ်လို့ သတ်မှတ်ထားလို့ပါပဲ။ အဲ့ဒီစာကိုဖတ်မိတော့ စိတ်ထဲမှာအတွေးတွေအများကြီး ၀င်လာပြီးကိုယ့်ကိုယ်ကိုလည်းသုံးသပ်မိပါတယ်။ အော်.. ကိုယ့်မှာတော့ အသက်သုံးဆယ်ကျော်တဲ့အထိ ဘာကိုစိတ်ဝင်စားသလဲဆိုတာသိအောင် မနဲကြိုးစားနေရတယ်ဆိုပြီးတွေးမိပါတယ်။ တချို့ဆို တစ်သက်လုံးအဲ့ဒီလိုအတွေးမျိုးတောင် မ၀င်ဘဲသေဆုံးကြပါတယ်။

ဘာ့ကြောင့် ကိုယ်နဲ့သူတို့ဒီလိုကွာခြားကြတာလဲ.. ကိုယ်ညံ့တာလား၊ ပတ်ဝန်းကျင်လား၊ ဆရာလား၊ ပညာရေးစနစ်လား၊ နိုင်ငံရေးလား၊ စီးပွားရေးလား ? စသဖြင့်ဆက်ပြီး စဉ်းစားကြည့်ရင် စိတ်လှူပ်ရှားစရာကောင်းပါတယ်။ အရာရာတိုင်းကို သေသေချာချာ စဉ်းစားချင့်ချိန်တတ်သူတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လူရွယ်များအနေနဲ့ အဲ့ဒီလိုဆက်ပြီး စဉ်းစားတွေးတောလေ့ရှိတဲ့အကျင့်ကို မွေးမြူထားသင့်ပါတယ်။

(ဓါတ်ပုံများကို ပုံကြီးကြည့်ချင်ပါက ပုံပေါ်တွင်ကလစ်နှိပ်လိုက်ပါ)


ပြိုင်ပွဲဝင် မြန်မာမင်းသားချောလေးမောင်တင့်ကျော်

ပြိုင်ပွဲဝင်အက


သဲပန်းချီ

အာဆီယံပြိုင်ပွဲဝင်တချို့

ကမ္ဘောဒီးယားကဘီလူးနဲ့မြောက်

အင်ဒိုနီးရှား

သွားရောက်အားပေးခဲ့တဲ့အဖွဲ့

ကိုယ့်လို အိုးစည်လေးနဲ့ လာအို

ကိုရီးယားတက်သစ်စအဆိုတော်အဖွဲ့ Boyfriend

ဆုငွေလက်ခံယူနေတဲ့ မြန်မာမင်းသားချော

ကိုရီးယားကချေသည်များ



ကိုရီးယားကချေသည်များ


အခမ်းအနားမှူးများ

ပြိုင်ပွဲဝင်ဗီယက်နမ်

ပြိုင်ပွဲဝင်သူများနဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ Oppa Gangnam Style

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...