ကိုရီးယားကို ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတော့ မြန်မာအသိုင်းအ၀ိုင်းမှာ တော်တော်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ ကိုရီးယားမှာက မြန်မာကလည်း နဲတယ်ဆိုတော့ အစစကြားနေသိနေ ရတာပါပဲ။ ကိုရီးယားကို ရောက်ကာစနှစ်တွေ ၂၀၀၈၊၀၉ တုန်းက NLD ကလူတွေနဲ့ တွေ့မှာစိုးလို့ မြန်မာတွေစုရုံးတတ်တဲ့ မြန်မာစားသောက်ဆိုင်၊ ဘုန်းကြီးကျောင်းတွေရှိရာဘက်ကို မလာရဲတဲ့သူတွေတောင် ခုတော့ NLD ကဒေါ်စုကို သောင်းသောင်းဖျဖျ ကြိုဆိုနေကြတာကို တွေ့ရတော့ အစကတော့ ရယ်မိတာပါ၊ နောက်မှ ဒါဟာဝမ်းသာရမှာပါလားဆိုပြီး အသိစိတ်ကနေ ထိန်းကျောင်းပြီး ၀မ်းသာနေမိပါတယ်။ မြန်မာလူမျိုးတွေ အသိတရားတိုးလို့ နိုင်ငံ့အကျိုးသယ်ပိုးနိုင်ကြပါစေဗျာ။
No comments:
Post a Comment