Friday, March 15, 2013

လမ်းလျှောက်ထွက်ခြင်း (၁၉ မတ်လ ၂၀၁၃)


ညနေခင်းလေးမှာ အိမ်အလည်ရောက်နေတဲ့ မင်းသားကြီးကို အပါခေါ်ပြီးတော့ ကင်မရာကိုလွယ်လို့ အိမ်နားလေးမှာ နဲနဲလမ်းလျှောက်ဖြစ်ခဲ့တယ်။ အိမ်ထဲမှာပဲ တစ်နေကုန်နေနေရလို့လားမသိဘူး လူကသိပ်ပြီးမလန်းဘူး။  အပြင်ထွက် လမ်းလျှောက်နေရင်းနဲ့ လတ်ဆတ်တဲ့လေကို အားရပါးရ ရှူရှိုက်လိုက်မှ လန်းလန်းဆန်းဆန်းပြန်ဖြစ်သွားတယ်။ ဆိုးလ်မြို့လယ်ကောင်ဖြစ်ပေမယ့်၊ ဆိုင်ခန်းသေးသေးလေးတွေနဲ့ လမ်းမှာချရောင်းတဲ့ ဆိုင်တွေရှိတဲ့ဘက်ကို ဦးတည်လျှောက်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံက လမ်းဘေးဈေးသည်လေးတွေကို သတိရမိတယ်။ ကိုယ်လည်း ငယ်ငယ်က လမ်းဘေးမှာ အမေနဲ့အတူ ဈေးထိုင်ရောင်းခဲ့တာကိုလည်း ပြန်ပြီးသတိရမိတယ်။ 

လမ်းမှာတွေ့ခဲ့တဲ့ထဲကနေမှ ကိုယ်စိတ်ဝင်စားမိတာလေးတွေကို ဓါတ်ပုံရိုက်လာခဲ့တယ်။ ပထမဆုံး ကိုယ့်ကိုဆွဲဆောင်တာက ချီဂွေဗာရားနာမည်နဲ့ အရက်ဆိုင်လေးပါ။ သူကလည်း တော်တော်ကို နာမည်ကြီးပါတယ်။ ကျူးဘားခေါင်းဆောင် ကက်စထရိုတို့တွေ အာဏာရအောင် တော်လှန်ရေးတွေ လုပ်ခဲ့တဲ့သူပေါ့။ သူ့ရဲ့ အဲ့ဒီပုံလေးဟာ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးပုံထဲက တစ်ပုံပါပဲ။ ရှပ်အင်္ကျီတွေ တော်တော်များများမှာလည်း သူ့ပုံတွေတွေ့ရတတ်ပါတယ်။




ဒီတစ်ပုံကတော့ ကားပါကင်နေရာလေးပါ။ ရှိတဲ့နေရာကျဉ်းကျဉ်းလေးမှာ ကားတွေ ခြောက်စီးခုနှစ်စီးလောက် ထိုးလို့ရအောင် ရဟတ်လိုမျိုးလေး ကားပါကင်လုပ်ထားတာပါ။ တစ်စီးနဲ့ တစ်စီး အတင်အချကို မော်တာနဲ့မောင်းပြီး လုပ်ပေးပါတယ်။ စိတ်ဝင်စားစရာလေးပါ။

ဒီတစ်ခုကတော့ ရဲစခန်းလေးပါ။ ဒီအဆာက်အဦး သေးသေးစခန်းလေးက ကျွန်တော်တို့ဆီက ရပ်ကွက်မီးကင်းလေးနဲ့ တူနေလို့ ကျွန်တော်ရိုက်ပြီး ယူလာခဲ့တာပါ။



စိတ်ဝင်စားတာလေးတွေ ဓါတ်ပုံရိုက် မြင်နေတွေ့နေတာတွေကို ဝေဖန်လေကန်ပြီး အေးလာတာနဲ့ နှစ်ယောက်သား အိမ်ပြန်ခဲ့ကြပါတော့တယ်။

မောင်မျိုး(စက်မှု)
19 မတ်လ ၂၀၁၃

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...