နာကျင်မှု သက်သာစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ propofol ကို သုံးစွဲကြတယ်ဆိုတဲ့ မင်းသမီးလေးလက်ကို ရဲဌာနကနေ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ဒီဆေးဟာ အဆိုတော် မိုက်ကယ်ဂျက်ဆင်ကို လူ့လောကကနေ ထွက်ခွာစေခဲ့တဲ့ ဆေးပဲဖြစ်ပါတယ်။ (အရွယ်မတိုင်ခင် သေဆုံးသွားကြတဲ့ မြန်မာနိုင်ငံက မင်းသားတွေကော ဒီဆေးနဲ့ ပက်သက်မှုရှိလားဆိုတာ စဉ်းစားစရာပါ) ဟယော(န်)ကတော့ ဒီဆေးကို သူမသုံးစွဲကြောင်းချက်ချင်း ၀န်ခံခဲ့ပါတယ်။ ရှီယွန်းနဲ့ ဆွန်းယော(န်)တို့ကတော့ တစ်စိတ်တစ်ပိုင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ မီအင်းနယ်ကတော့ သူမ ထိုဆေးနဲ့ ပက်သက်မှု မရှိကြောင်း လုံးဝငြင်းဆန်ထားပါတယ်။
အီဆွန်းယော(န်)၊ ပက်ရှီယွန်း၊ဂျန်းမီအင်းနယ်၊ဟယော(န်)ယော(န်)
မီအင်းနယ်ကတော့ ၂၀၁၁ ဖေဖော်ဝါရီကနေ၂၀၁၂ စက်တင်ဘာလအတွင်း ဆေး ၉၅ ကြိမ်သုံးစွဲခဲ့တယ်လို့ သူမအပေါ် ဆွဲဆိုထားတာကို ငြင်းဆန်နေတုန်းပဲဖြစ်ပါတယ်။ ရှီယွန်းကတော့ သူမကို မစစ်ဆေးခင်ကတည်းက သူမဟာ ဒီဆေးကို မ၀အောင်နဲ့ အသားအရေနူးညံ့စေတဲ့ Carboxytherapy ကာဗွန်ကုထုံးနဲ့ ကုသတဲ့အချိန်တုန်းက သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူမကိုတော့ ၂၀၁၁ ဖေဖော်ဝါရီကနေ ၂၀၁၂ ဒီဇင်ဘာလအတွင်း ၁၈၅ ကြိမ် တိုင်တိုင် သုံးစွဲခဲ့တယ်လို့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဆွန်းယော(န်)ကတော့ ထိုဆေးကို အသုံးပြုကြောင်း ၀န်ခံခဲ့ပေမယ့် သူမရဲ့ ဆရာဝန်က စေခိုင်းတဲ့အတိုင်းသာ အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူမကတော့ ၂၀၁၁ ဖေဖော်ဝါရီမှ ၂၀၁၂ ဒီဇင်ဘာလအတွင်း ၁၁၁ ကြိမ် propofol သုံးခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။
ဂျိုဆောန်သတင်းစာ
No comments:
Post a Comment