Saturday, March 23, 2013

ညနေဆည်းဆာ



တစ်မနက်လုံး လူမှုရေးအနေနဲ့ ဟိုသွားဒီသွားနဲ့ နေ့လည်ကျမှပဲ ကိုယ့်ကျောင်းကိုရောက်ပြီး လုပ်စရာရှိတာလုပ်ရတော့တယ်။ လုပ်စရာတွေကများပြီး၊ စိတ်ရှုပ်စရာတွေများတာနဲ့ ခံစားလို့ရတာလေးတွေ့ရင် ဓါတ်ပုံရိုက်မယ်ဆိုတဲ့အကြံနဲ့ ကင်မရာလွယ်ပြီး ကျောင်းကိုထွက်လာခဲ့တယ်။ လုပ်စရာရှိတာလုပ်ပြီး ညစာစားဖို့ အိမ်ပြန်မှပဲ ကိုယ့်ရှေ့တည့်တည့်က ခုလိုရောင်နီသန်းနေတဲ့ နေမင်းကြီးကို တွေ့လိုက်ရတယ်။ တနေကုန် ပင်ပန်းထားတာလေးတွေတောင် ပြေပျောက်သွားသလိုပါပဲ။
ဒါ့ကြောင့် အနုပညာတို့၊ ရသပညာတို့ကို ခံစားတတ်ဖို့ လိုတယ်လို့ လူကြီးသူမတွေက ဆိုခဲ့တာကိုး။
ကဲ ခံစားကြည့်ပါဦး....။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...