Sunday, April 7, 2013

မန္တလေးရောက် ရှမ်းတစ်ယောက်


ကျွန်တော် ဒီနိုင်ငံ ကမဟုတ်ပါဘူး။ အာရှ ရဲ့ နံပါတ် (၁) လို့ ပြောကျ တဲ့ ဂျပန် ကပါ။ ကျွန်တော့် ဘဝ အဓိက ရည်မှန်းချက်က လူတွေကို ကူညီဖို့ပေါ့ဗျာ။ သိတတ်တဲ့ အချိန်က စပြီးတော့ လူတွေကောင်းကျိုး တစိုက်မတ်မတ် လုပ်ခဲ့ တဲ့သူပါ။ ကျွန်တော့် ဆရာသမား ကလည်း ဒိတ်ဒိတ်ကျဲ ပါမောက္ခကြီး ကိုး။ လူတွေက လည်း ကျွန်တော့် ကိုချစ်ပေါ့ဗျာ။ ဆရာက လည်း တခြားလူတွေ လာလာ ဆွေးနွေး ကြလို့ သူအချိန် မရရင် "အဲဒီကောင်သွားမေးလိုက်" ဆိုပြီး ကျွန်တော့်ဆီ လွှတ်လိုက်တာပါပဲ။
ပင်ပန်းတယ်ဗျာ။ နားပဲမနားရဘူး။ တစ်ခါတစ်လေ ဆရာကိုတောင် စိတ်ဆိုးမိတယ်။ ငါ့ဆီ ကြီး ပုတ်ပုတ် ထုတ်နေတာပဲလို့။ တကယ်တော့ ကျွန်တော် ပျော်တာဗျ။ လူတွေကိုကူညီရတာကိုး။

ဆရာ တပည့် ပေါင်းပြီး လူတွေကောင်းကျိုး နှစ်ပေါင်းတော်တော်ကြာ တတ်ညီလက်ညီ လုပ်ခဲ့ကျတာပေါ့။
တစ်နေ့တော့ ဆရာက ပြောလာတယ်။ "ငါပင်စင်ယူတော့မယ်" တဲ့။ သူအသက်ကြီးပြီ။ "မင်းကို အလုပ်တစ်ခုပေးခဲ့မယ်ကွာ " တဲ့။ လူတွေကို ကူညီရမယ်။
ဒီမှာတော့ မဟုတ်ဘူး။ "မြန်မာ" ဆိုတဲ့ နိုင်ငံမှာတဲ့။ "မင်းငါနဲ့ လိုက်ခဲ့ရမယ်၊ ပြီးရင် မင်းနေခဲ့ရမယ်။ အဲဒီမှာမင်း အကြာကြီးနေရမယ်။ အဲဒီကလူတွေ ကို မင်းတတ်နိုင်သလောက် ကူညီရမယ်" 
ဆရာနဲ့ ခွဲခွာ ရတော့ အတော် ဝမ်းနည်း ခဲ့တယ်။ ဒါပေမယ့် အဲဒီ မြန်မာ ဆိုတဲ့ နိုင်ငံက သိပ်မဖွံ့ဖြိုးသေးဘူး။ အဲဒီလို လိုအပ်တဲ့ နေရာ မို့လို့ ဆရာက ငါ့ကို ပို့တာပေါ့။ အဲလိုခံယူလိုက်တယ်။ အမယ် ဒီရောက်တော့ ကျွန်တော် နေရာလေး ရတယ်ဗျ။ မဆိုးပါဘူး။ အလုပ်နေရာ အခန်းလေး ပေါ့။ သစ်သားလေးတွေ နဲ့ကာထားတယ်။ ရှေ့မှာမှန်တံခါး လေးနဲ့။
မခမ်းနားပေမယ့် ရပါတယ်။ ဒါတွေ အရေးမကြီးဘူးလေ။
လူတွေကို ကူညီရမယ်။

*******

ကျွန်တော် ဒီရောက်တာ အနည်းဆုံး (၅) နှစ်ရှိပြီပေါ့။ ကျွန်တော်မပျော်တော့ဘူး။ ကျွန်တော် လူတွေကို မကူညီရဘူး။ တစ်နေ့တစ်နေ့ ဒီအခန်းကျဉ်း လေးထဲမှာ လူသူမရှိ။ ဘာလို့လဲဗျာ။ ကျွန်တော့်မှာ အတွေ့အကြုံ တွေအများကြီးရှိပါတယ်။ ပညာတွေလဲ အများကြီးတတ်ပါတယ်။ ခင်ဗျား တို့ ကိုကျွန်တော် ကောင်းကောင်း ကြီးကို အကျိုးပြုနိုင်ပါတယ်။ ဘာကြောင့် ကျွန်တော် နဲ့ အလုပ်မလုပ် ချင် ကျလဲ။ ကျွန်တော် အပြင်ကို မသွား တတ်ဘူး။ ဒါပေမယ့် ခင်ဗျား တို့ လိုတဲ့ အချိန် ကျုပ်အဆင်သင့် ရှိတယ်။ ကျုပ် ဒီမှာရှိတယ်ဗျာ။
ခုတော့ ဖုန်တွေ အလိမ်းလိမ်း နဲ့ ကျွန်တော် ဆွေးမြေ့ နိဂုံး ချုပ်ရတော့ မယ် ။

*******

အိမ်ကို လွမ်းတယ်ဗျာ။ အိမ်မှာ ဆို ကျွန်တော် ဟာ တစ်ကိုယ်လုံး စုတ်ပြတ်တဲ့ အထိ လူတွေ ကို ကူညီရ မှာ။


*******

ကျွန်တော့် နာမည် " စာအုပ် " ပါ။
မန္တလေးမြို့ ၊ တက္ကသိုလ်ကြီး တစ်ခု က "စာကြည့်တိုက်" ထဲမှာ နေပါတယ် ။ လာခဲ့ကြပါဗျာ။ ပျင်းလွန်းလို့ပါ။ ။။။.

********

စိုင်းထီးဆိုင် ရေ မန္တလေးရောက် ရှမ်းတစ်ယောက် တင်မကဘူး။ ဂျပန် တစ်ယောက် လဲမလွယ်ပါဘူးဗျာ။

(NEO)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...