Tuesday, April 30, 2013

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဘုံဆွမ်းလောင်းအလှူ

ကျွန်တော်တို့ ရပ်ကွက် ဘုန်းတော်ကြီးကျောင်းမှာ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလဆိုရင် ဒုလ္လဘ ရဟန်းခံနဲ့ တရားစခန်း ပြုလုပ်ပေးလေ့ရှိတယ်။ ဒီနှစ်တော့ အမှတ်တရအဖြစ် နှစ်ဆန်းတစ်ရက်နေ့မှာ ဆရာတော်များ ရပ်ကွက်ထဲ ဆွမ်းခံကြွတာကို လိုက်လံ ဓါတ်ပုံရိုက်ပေးကာ ကုသိုလ်ယူခဲ့တယ်။ ကျောင်းထိုင်ဆရာတော် ဘုရားဟာ တရားအင်မတန် ကျင့်ကြံအားထုတ်တဲ့ ကိုယ်တော် တစ်ပါးဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ထူးချွန်တဲ့ လူငယ်တွေကိုလည်း အားလုံးနီးပါးသိတတ်ပါတယ်။ နိုင်ငံခြားမထွက်မီ တစ်ခါတုန်းက ဆရာတော့်ဆီကို သွားဖူးမျှော်တဲ့အခါ ဆရာတော်က မင်းတို့ရပ်ကွက် အနောက်နားမှာ စာတော်တဲ့ ကလေးမတစ်ယောက်ရှိတယ် သွားလိုက်ပါဦးလို့ မိန့်တာနဲ့ ကလေးမလေးဆီသွားပြီး စာအုပ်နဲ့ ခဲတံလေးတွေဝယ်ပေးပြီး အားပေးစကား သွားပြောကြားခဲ့တယ်။ နောင်လည်း အလျဉ်းသင့်သလို သူ့အိမ်ကိုသွားပြီး အားပေးဖြစ်ခဲ့တယ်။ ဆယ်တန်းအောင်သွားပေမယ့် ကျောင်းဆက်မတက်ဘဲ အလုပ်လုပ်ပြီး မိခင်ကို လုပ်ကျွေးနေတယ်လို့ ကြားသိရလို့ သာဓုခေါ်မိတယ်။ ဒါပေမယ့် သူ့ကို ကျောင်းဆက်တက်စေချင်မိတာတော့ အမှန်ပဲ။ ဒီတစ်ခါတွေ့တဲ့အခါမှာတော့ ကျောင်းတက်ဖို့ တိုက်တွန်းမယ် လိုအပ်ရင်လည်း ထောက်ပံ့ပေးမယ်လို့ စိတ်ကူးထားခဲ့တယ်။ သူနဲ့တွေ့တဲ့အခါမှာတော့ ကိုယ်ဖြစ်ချင်တာတွေကို သူက လုပ်ထားပြီးဖြစ်နေတယ်။ အီးမေဂျာနဲ့ ကျောင်းတက်ဖို့ လျှောက်ထားပြီး ဒီနှစ် စာသင်နှစ်မှာ စတင်တက်ရောက်မယ်လို့ တွေ့တွေ့ချင်းပြောလို့ ၀မ်းသာပီတိဖြစ်မိတယ်။ ဆရာတော်၊ ကျွန်တော်နဲ့ သူ့ရဲ့ ရေစက်ဟာ ဘယ်အချိန်ထိရှိနေမလဲဆိုတာတော့ စောင့်ကြည့်ရဦးမည်သာ။

(ဓါတ်ပုံပေါ်သို့ ကလစ်နှိပ်ကာ ပုံကြီးချဲ့ကြည့်နိုင်ပါတယ်)











No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...