Sunday, April 7, 2013

သမိုင်း (၁၉)


သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း က သမိုင်းသင်တာ မအ အောင်လို့တဲ့။ ဒါပေမယ့် သမိုင်းသင်ပြီး အ နေတဲ့လူကျတော့ရော။ နလပိန်းတုန်း လို့ပဲ သိပ်မရိုင်းအောင်ပြောရမှာပဲ။ ကိုယ့် အထုတ် ကိုယ်ဖြည်ရမှာ ရှက်ဖို့တော့ ကောင်းတယ်။ ဒါပေမယ့် အချိန်တန် လို့ အတွင်းလှိုက်စား နေတဲ့ အနာ အနံ့တွေထွက်ပြီး အဲကျမှ လူသိကုန်ရင် အရှက်ကဗျန်းဗျန်း ကို ကွဲမှာဆိုးတော့ ခုပြောရင်နည်းနည်းတော့ သက်သာမယ်ထင်တယ်။ ရှူးပျံ ဆို တဲ့ကောင်ကို မမြင်ဘူးတော့ ဒီပြူစောထီး က ဟိုဂေါ်ဇီလာ လိုကောင် ကိုဆော်တာလားပေါ့။ ဟိုမြန်မာမင်းသား တွေ နန်းလုပြီး အချင်းချင်း တွေသတ်တာတွေ့ တော့ မြန်မာတွေအရင်က ဒီအလုပ်ပဲရှိလားလို့ တွေးမိတယ်။ ဖတ်စာအုပ် က စာတွေ ကနည်းနည်းလေး များကွန့်နေလားပေါ့ဗျာ။ အမယ်နောက် တော့ "သမိုင်းဆိုတာ လူကရေးတာ" ဆိုတဲ့ စကားလေး ကိုဖတ်မိလိုက်တယ်။ ဟာဟုတ်တာပဲ။ လူလေဗျာ၊ စက်ရုပ်မှ မဟုတ်တာ။ ခံစားမှုတွေပါလာတယ်။ ကြိုက်မကြိုက်တွေပါလာတယ်လေ။ သမိုင်း ကို လုပ်စားကျတဲ့ လူတွေကလည်း နည်းဘူးကိုဗျ။ The Lady နာမည်ကြီး ကို မရ ရအောင်ရှာ ကြည့်တာ နိုင်ငံအလံ ကိုဇောက်ထိုး လုပ်ထားတယ်။ အမှတ်တွေ မပေးချင်ဘူး။ ပြောချင်တာက လူတွေ ပြောကျတဲ့ အထောက်အထားတွေ၊ သမိုင်းတွေ က Own Tune တွေဖြစ်ဖြစ်နေတယ်ဗျာ။ ဒါဆို သမိုင်းဆိုတာ မရှိတော့ဘူးလား။ လူတွေရဲ့ အတ္တ နဲ့ ရေးထားတဲ့ စာမျက်နှာတွေ၊ ရက်စွဲတွေ အောက်မှာ သမိုင်းစစ်စစ် တွေဖုံးကွယ် ခံရတယ်။ သမိုင်းစစ်စစ် က အပြင်အဆင်တွေ မပါဘူး။ ပကာသန တွေမရှိဘူး။ နိုင်ငံရေး ဆိုတာ ရှုပ်ထွေးတယ်။ ဒါပေမယ့် သူပြောတဲ့ မိန့်ခွန်းတွေ မှာ ရှုပ်ရှက်ခတ် နေတာတစ်ခုမှ မပါဘူး။
"ခင်ဗျား တို့ သောက်ကျင့် လေးတွေ ပြင်ဖို့လိုတယ်"။
ဒဲ့ကြီးဗျာ။
“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”
ဘာမှ လဲ လုပ်ပေးမယ် ဂတိ တွေ မပေး။ နားဝင်လည် မချိုဘူး။ ကြားမှ မကြားဘူးတာဗျာ တစ်သက်လုံးက။
“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”
အမှန်တိုင်း ပဲ ပြောမယ်ဗျာ။ ရုပ်ရှင်ထဲပဲ တွေ့ဖူးတာ။ စာရွက်လေး ကိုင်တက်လာ ပြီးတော့ မာန်မပါ ပဲ ဖတ်ပြသွားတာ တွေပဲ တစ်သက်လုံး ကြားရတာ။ လူကလည်း စာအုပ်ထဲ က ရေးထားသမျှ ကုန်းရုန်းကျက်ပြီး အမှတ်ပြည့်ရရင် ဘဝကြီး ပြည့်စုံပြီလို့ သတ်မှတ်လို့ရတဲ့ ခေတ်ကို ဖြတ်ခဲ့ရတာ။ ဒါဆို စာရေးတဲ့ လူတွေ က ပိုပိုသာသာလေး များ လုပ်ကျလားပေါ့။ အဲနောက်တော့ အင်တာနက် လေးဘာလေး ရတော့ မိန့်ခွန်း အသံ တွေ ဒေါင်းလုပ် လုပ်ခွင့်ရပြီပေါ့။ ခေါင်းဆောင် တစ်ယောက် ရဲ့ မာန်ကို အရှိတိုင်းကို ကြားလိုက်ရတယ်။ စာသားတွေ က တော့ ကွန့်ညွန့် မနေဘူး။ အရိုးခံ အတိုင်းကြီးပေါ့။ ဆရာ မောင်သာချို ဟောပြောပွဲ တစ်ခု မှာ ပြောခဲ့ သလို ဒီလို လူစား၊ ဒီလို လူမျိုး တစ်ယောက် ကျုပ်တို့ နိုင်ငံသမိုင်း မှာ ရှိတယ်။
"စင်အောက်မှာ ရှိနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အကုန်လုံး အပေါ်မှာ စကားပြောနေ တဲ့ ကျွန်တော် အောင်ဆန်းနဲ့ ကိုယ်ကျင့်တရား ချင်း ယှဉ်ရဲရင် ကြိုက်တဲ့လူတက်ခဲ့"
ဒီလောက် ဖြူစင် တဲ့ သမိုင်းစစ်စစ် စာမျက်နှာတွေ အတွက် နာမ်စား တစ်ခုရှာလို့ မရသေးဘူးဗျာ။ ဒီသမိုင်း တွေကို လူတွေရဲ့ အတ္တတွေ ကြောင့် မပြင်ကြစေချင်ဘူး။ သူ့အတိုင်း သမိုင်း စစ်စစ် ကတန်ဖိုး အရှိဆုံးပါ။
ဇူလိုင် (၁၉) အတွက် ရေးမိပါတယ်။
NEO (19th July 2012)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...