Sunday, May 26, 2013

သေနတ်သံမကြားရတဲ့စစ်ပွဲ


မဲခေါင်ဒေသနှင့် အာဏာကြီးစိုးလာတဲ့ တရုတ်၊ ဒုတိယ မဟာတံတိုင်းကြီးဖြစ်လာတဲ့တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း

ယခုလအစောပိုင်းမှာ သွားရောက်လည်ပတ်ခဲ့တာကတော့မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသဖြစ်တဲ့ မန္တလေး.. အဲဒီနေရာမှာတော့ တရုတ်၊ ဂျပန်၊ အမေရိကန်၊အိန္ဒိယ၊ ထိုင်း စတဲ့ နိုင်ငံတွေ အပြိုင်အဆိုင်တင်းမာမှုတွေ ဖြစ်နေကြတယ်။မဲခေါင်ဒေသကို သိမ်းပိုက်ဖို့ တင်းမာနေကြတဲ့ “သေနတ်သံမကြားရတဲ့ စစ်ပွဲ” ကြီးပဲဖြစ်ပါတယ်။မန္တလေး-တရုတ်- ကူမင်းကို ဆက်သွယ်ထားတဲ့ အမှတ် ၃ နိုင်ငံတော်လမ်းကြီးကတော့ ယင်းဒေသမှာတည်ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)တုန်းက ချန်ကေရှိတ်ဦးဆောင်ခဲ့တဲ့ ပြည်သူ့ပါတီ တရုတ်ပြည့်သူ့သမ္မတနိုင်ငံကတော့ ဂျပန်နိုင်ငံနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ရပါတယ်။ကမ္ဘာ့အရှေ့ပိုင်းဒေသရဲ့ အဓိကကျတဲ့မြို့ကတော့ ဂျပန်ရဲ့ သိမ်းပိုက်ခံခဲ့ရပြီး ပြည်သူ့ပါတီကတော့Chongqing (ချွန်းချင်း)မြို့ဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ အမေရိကန်၊ အင်္ဂလန်စတဲ့ မဟာမိတ်တပ်တွေဟာကုန်လမ်းကနေ လိုအပ်တဲ့ရိက္ခာပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ရပါတယ်။ အဲဒီအတွက် ဖောက်လုပ်ခဲ့တဲ့လမ်းကတော့ မြန်မာနိုင်ငံရဲ့ ယခင်က ခေါ်တွင်ခဲ့တဲ့နိုင်ငံတော်အမည်နဲ့ ခေါ်တွင်ခဲ့တဲ့“Burma Road” ပဲ ဖြစ်ပါတယ်။ မြန်မာရဲ့ အနောက်ပိုင်းမှာရှိတဲ့ အိန္ဒိယနယ်စပ်မှ စပြီးမန္တလေးကိုဖြတ်ကာ ကူမင်းနဲ့ ဆက်သွယ်ထားတဲ့ အလွန်အန္တာရာယ်များတဲ့ လမ်းပါပဲ။ လူပေါင်း၃၀၀လောက်ရဲ့ အသက်တွေ စတေးပြီးမှ ၁၉၄၅ခုနှစ် ၁လပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တဲ့“Burma Road” ကတော့ ယင်းအချိန်တုန်းက တရုတ်နိုင်ငံက ဂျပန်နိုင်ငံနဲ့ ရင်ဆိုင်တိုက်ခိုက်ရန်အသက်ကယ်ပေါက်ဖြစ်ခဲ့ပါတယ်။ အဲဒီလမ်းကတော့ အခု အမှတ်(၃) မန္တလေးလမ်းပဲဖြစ်ပါတယ်။

ယင်းလမ်းရဲ့ ဘေးမှာရှိတဲ့ တောင်ရဲ့ အလယ်လောက်မှာတော့အ၀ါရောင် မြေလမ်းကြီးကို အထင်သားတွေ့မြင်နေရပါတယ်။ ဒေသခံတွေကိုမေးတဲ့အခါ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်း ကျောက်ဖြူဆိပ်ကမ်းမှ ကူမင်းကို ဖြတ်ဖောက်ထားတဲ့ဂတ်စ်၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြစ်တယ်လို့ဆိုပါတယ်။ ယင်းပိုက်လိုင်းကြီးကို တရုတ်ပြည်မဟာတံတိုင်းကြီးနဲ့ ခိုင်းနှိုင်းထားတာဖြစ်ပါတယ်။ စုစုပေါင်း အရှည်ကတော့ ၈၀၀ကီလိုမီတာရှိပြီးယခုလပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ အစောဆုံး နောက်လလောက်ကစပြီး DaewooInternational က မြန်မာ့အနောက်ဘက်ပိုင်းဆိပ်ကမ်းကနေ တူးဖော်တဲ့ ဂတ်(စ်)တွေကို ယင်းပိုက်လိုင်းမှတဆင့်ကူမင်းကိုပို့ပါမယ်။ လာမည့်နှစ်မှစပြီး သဘာဝဓါတ်ငွေ့တွေကိုလည်း ပို့ပါလိမ့်မယ်။ နှစ်ပေါင်း၇၀မတိုင်မီက ဂျပန်နိုင်ငံနယ်ချဲ့မှုကြောင့် ရိက္ခာပစ္စည်းပို့ပေးဖို့ ဆောက်လုပ်ခဲ့တဲ့“Burma Road”က အခုတော့ တရုတ်နိုင်ငံအနောက်ဘက်ပိုင်းဒေသသို့ စွမ်းအင်တွေ ဖြည့်တင်းပေးရာလမ်းကြောင်းအဖြစ်ပြန်လည်ဆန်းသစ်လာခဲ့ပါပြီ။

 “ခေတ်သစ်Burma Road” တည်ဆောက်မှုကြောင့် တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ထွက်နိုင်တဲ့ထွက်ပေါက်ရလာခဲ့ပါတယ်။ ယခုလက်ရှိ အမေရိကန်က ရယူထားတဲ့ မလက္ကာရေလက်ကြားကို မဖြတ်ပဲ အရှေ့အလယ်ပိုင်းရှိအာဖရိကနိုင်ငံများရဲ့ သဘာဝဓါတ်ငွေ့ကိုလည်း သယ်ယူနိုင်ဖို့ဖြစ်လာပါတော့မယ်။ ရန်ကုန်မြို့ရဲ့စီးပွားရေးပညာကို လေ့လာသုတေသနပြုနေတဲ့ ဒေါက်တာဆန်းဒရာအိုကတော့ “သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်ရာလမ်းမှာရှိတဲ့ကျောက်ဖြူမှာတော့ တရုတ်က နှစ်ပေါင်း၂၀ အသုံးပြုခွင့်ရထားတဲ့ ဆိပ်ကမ်းတည်ဆောက်ဆဲ” ဖြစ်ပြီး၊“ယင်းဆိပ်ကမ်းကြောင့် တရုတ်နိုင်ငံကို သဘာဝဓါတ်ငွေ့ပို့တဲ့ လမ်းကြောင်းဟာ ကီလိုမီတာ၁၂၀၀ လောက် လျော့သွားတယ်”လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသို့ ပြည်ပမှတင်သွင်းနေသော သဘာဝဓါတ်ငွေ့၈၀% ဟာ မလက္ကာရေလက်ကြားမှတဆင့် ၀င်ရောက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ယင်းဆိပ်ကမ်းတည်ဆောက်မှုပြီးစီးသွားရင် မလက္ကာရေလက်ကြားကို အားကိုးနေရမှု ၃ ပုံ ၁ ပုံလောက်ပဲ ရှိတော့မယ်လို့မျှော်လင့်နေကြပါတယ်။ အမေရိကန်ရဲ့ စွမ်းအင်လက်ဝါးကြီးအုပ်မှုအောက်မှ လွတ်မြောက်ချင်နေတဲ့တရုတ်နိုင်ငံအနေနဲ့ ဘယ်အရာနဲ့မှမတူတဲ့ အံ့မခန်းအောင်မြင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

 ဒါတွေအပြင်မဲခေါင်ဒေသရဲ့ နေရာတော်တော်များများမှာတော့ ဂျပန်၊ အမေရိကန်၊ ထိုင်း စတဲ့နိုင်ငံတွေရဲ့Project တွေကလည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဆောဂန်းတက္ကသိုလ်က ပါမောက္ခ အီဆောန်ဂျင်းကတော့“ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းတွေဖွင့်နေတာကတော့ ထိုင်း၊ ဗီယက်နမ်၊ ထိုမှတဆင့် ကမ္ဘောဒီးယား၊လာအို၊ မြန်မာစတဲ့နိုင်ငံတွေမှာ ပိုမိုများပြားလာပါတယ်”၊ “ကျွန်တော်တို့နိုင်ငံ(ကိုရီးယားနိုင်ငံ)အနေနဲ့လည်းအစိုးရကိုယ်တိုင် ဦးဆောင်ပြီး မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ယင်းနိုင်ငံတွေမှာ  စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လုပ်ကိုင်နိုင်ရေးအတွက်လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်ပေးရမယ်” လို့ အလေးထားပြောကြားသွားပါတယ်။  

ဂျု(င်း)အန်းသတင်းစာ(Posco Business Research Team)

လာအိုရဲ့မြို့တော် ဗီယန်ကျင်းရဲ့ အရှေ့မြောက်ဘက်၊ကားနဲ့ ၁၅မိနစ်လောက်ဝေးတဲ့နေရာမှာ လူပေါင်း ၂သောင်း၅ထောင်လောက် ရေကူးနိုင်တဲ့ MainStadium အားကစားခန်းမကြီးရှိပါတယ်။ ၂၀၀၉ခုနှစ်က အရှေ့တောင်အာရှဆီးဂိမ်းတုန်းက ပင်မအားကစားခန်းမအဖြစ်သုံးခဲ့တဲ့နေရာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီအချိန်တုန်းက ယင်းခန်းမကြီးကို အခမဲ့တည်ဆောက်ပေးခဲ့ပါတယ်။ဆီးဂိမ်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ ဘာကြောင့် ဒီနေရာမှာ ငွေကြေးအမြောက်အများအကုန်ခံပြီးယင်းအားကစားခန်းမကြီးကို တည်ဆောက်ပေးခဲ့တာလဲ။
 လာအိုအမျိုးသားတက္ကသိုလ်မှပါမောက္ခ အိုဂျော(င်း)စူကတော့ တရုတ်တို့ပြောနေကြဖြစ်တဲ့ “Stadium Diplomacy” လို့ပြောခဲ့ပါတယ်။တရုတ်နိုင်ငံဟာ အာဖရိကမှာလည်း အားကစားခန်းမ၊ ပြပွဲခန်းမ စတဲ့ ပင်မအဆောက်အအုံတွေကိုဆောက်လုပ်ပေးပြီး စွမ်းအင်ထုတ်ယူခွင့်ကို ရယူတာဖြစ်ပါတယ်။ တရုတ်တို့ဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်မဲခေါင်ဒေသမှာလည်း ယင်းသို့သော နိုင်ငံခြားဆက်ဆံရေးမူဝါဒနည်းလမ်းတွေကို  သုံးလာတာဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
 လာအိုကတော့အားကစားခန်းမကြီးကို ပိုင်ဆိုင်ခဲ့ပေမဲ့ လူ ၅သောင်းလောက် အမြဲတမ်းနေထိုင်တဲ့ ChinaTown နေရာကိုတော့ တရုတ်ကို ထိုးအပ်လိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ တရုတ်ဟာ ASEMConvention Centre ကိုလည်း ဒေါ်လာ သန်း၈၀လောက် အကုန်ကျခံပြီးဆောက်လုပ်ပေးခဲ့ပါတယ်။ ဗီယန်ကျင်းရဲ့အမှတ်အသားဖြစ်တဲ့ Triumphal arch နဲ့ Art Centre တွေမှာလည်း “Made In China” ဆိုပြီးကပ်ထားပါတယ်။ဆီးဂိမ်းအားကစားခန်းမကနေ ၂.၅ကီလိုမီတာလောက် လှမ်းတဲ့ စေစတားဆိုတဲ့ နေရာမှာတော့ မြို့သစ်တည်ဆောက်ရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက်လုပ်နေပါတယ်။ အဲဒီနေရာမှာလည်း တရုတ်က ငွေကြေးထောက်ပံ့မှုပေးခဲ့ပြန်ပါတယ်။

 ဒေသခံပညာရှင်တွေကတော့“တရုတ်ရဲ့ မဲခေါင်ဒေသ သိမ်းပိုက်ရေးကတော့ အခုမှစတယ်” လို့ပြောဆိုနေကြ ပါတယ်။ တရုတ်ပြည်ကူမင်းကနေ တည့်တည့်ဆင်းလာပြီး လာအို ဗီယန်ကျင်းအထိ ဆက်သွယ်နေတဲ့ ၄၁၇ကီလိုမီတာရှိတဲ့အဝေးပြေးမီးရထားလမ်းဖောက်လုပ်မှုကတော့ ယခုလိုပြောရခြင်းရဲ့ အဓိကအကြောင်းအချက်ပဲ ဖြစ်ပါတယ်။ဒီနှစ်မှာ စတင်အကောင်အထည်ဖော်တဲ့  ယင်းဆောက်လုပ်ရေးလုပ်ငန်းဟာဒေါ်လာသန်းပေါင်း ၇၀၀၀ ခန့်ကုန်ကျမှာဖြစ်ပါတယ်၊ တရုတ်ဆောက်လုပ်ရေးပညာရှင်တွေက တာဝန်ယူတည်ဆောက်တဲ့အတွက်တရုတ်နိုင်ငံ ကုန်သွယ်ရေးဘဏ်ကနေ ယင်းငွေအားလုံးကို ထုတ်ချေးပေးခဲ့ပါတယ်။

 တရုတ်နိုင်ငံ ကူမင်းကနေ စတင်ဖောက်လုပ်တဲ့ ကီလိုမီတာ(၃၉၀၀) အရှည်ရှိတဲ့ မဲခေါင်မီးရထားလမ်းကို တွေးကြည့်ကြပါစို့။

 ဗီယန်ကျင်းမှKOTRA (Korea Trade-Investment Promotion Agency) ဥက္ကဌဖြစ်သူ အန်းယူဆော့ကတော့ “ဒီအတောအတွင်းအပြောစကားတွေပဲ ကြားခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ အဝေးပြေးမီးရထားလမ်းဖောက်လုပ်မှုဟာ အခုတော့စတင်အကောင်အထည်ဖော်လို့နေပါပြီ၊ ၂၀၁၈ခုနှစ်မှာ ဆောက်လုပ်ပြီးစီးမှာဖြစ်ပြီး ၁နာရီကိုကီလိုမီတာ ၁၈၀လောက်အရှိန်နှုန်းနဲ့  တရုတ်နိုင်ငံသို့လူနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။ ယင်းမီးရထားလမ်းပိုင်းကိုထိုင်း၊ မြန်မာ၊ မလေးရှား၊စင်္ကာပူ စတဲ့ နိုင်ငံတွေအထိ ဆက်စပ်တဲ့ ကီလိုမီတာ ၃၉၀၀ရှိတဲ့မီးရထားလမ်းဖြစ်အောင်လုပ်မယ်ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ စိတ်ကူးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ခေတ်မီနည်းတွေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ‘Burma Road’၊ လာအိုက ASEM အဝေးပြေးမီးရထားလမ်းဖော်ဆောင်မှု စတဲ့ တရုတ်ရဲ့ မျှော်လင့်ချက် အိပ်မက်တွေဟာ လက်တွေ့အကောင်အထည်ဖော်တဲ့ အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ကို မြောက်ပိုင်းကနေတောင်ပိုင်းအထိ သိမ်းပိုက်ခဲ့ရင်၊ အရှေ့တောင်ဘက်ပိုင်းကို သူတို့ပိုင်နယ်မြေလို့မှတ်ယူထားတဲ့ဂျပန်နိုင်ငံဟာလည်း ဒီအတိုင်းတော့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဂျပန်ရဲ့ ကြီးမားတဲ့တန်ပြန်တိုက်ခိုက်မှုကြီးကလည်း အသင့်အနေအထားမှာရှိနေပါတယ်။

 ဂျပန်နှင့်တရုတ်တို့ မျှော်လင့်နေကြသော မြန်မာ့စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းလက်ဝယ်ရရှိရေး….

ရန်ကုန်မြို့တော်ရဲ့ မြို့လယ်မှာစီးဆင်းနေတဲ့ရန်ကုန်မြစ်ကိုဖြတ်ပြီး တည်ဆောက်ထားတဲ့ တံတားကြီးရဲ့ တစ်ဘက် ကမ်းမှာရှိတဲ့ သီလ၀ါစက်မှုဇုန်၊အဦးပိုင်းတုန်းက တရုတ် ကုမ္ပဏီနဲ့လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ မမျှော်လင့်ပဲဂျပန်ကုမ္ပဏီဆိုပြီးဖြစ်သွားခဲ့ပါတယ်။ ငွေရဲ့ အားတွေပါပဲ။ ဂျပန်နိုင်ငံဟာပြီးခဲ့တဲ့နှစ် ၁လပိုင်းမှာ မြန်မာနိုင်ငံကို ဒေါ်လာသန်း ၂၂၀၀ ချေးပေးခဲ့ပါတယ်။ ချေးတယ်ဆိုပေမဲ့လည်းအတိုးနှုန်းက ၀.၀၁ရာနှုန်းသာရှိတဲ့အတွက် အတိုးမဲ့ အကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။ ဂျပန်ယွမ်ကိုလက်နက်အဖြစ်သုံးပြီးသီလ၀ါဆိပ်ကမ်းကို ဂျပန်လက်ထဲရောက်အောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ဆူမီထိုမို၊ မစ်ဇူဗီရှီ၊ မာရူဗယ်နီ စတဲ့ ဂျပန်ကုမ္ပဏီတွေက ၄၉ရာခိုင်နှုန်း၊ ကျန်တဲ့ ၅၁ရာခိုင်နှုန်းကတော့မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကိုင်တယ်လို့ ဆိုပါတယ်။JETRO Myanmar ဥက္ကဌ မာဆာဖီဒါခါဟာရာကတော့ “ဂျပန်နိုင်ငံက ချေးပေးတဲ့ငွေတွေကို စွမ်းအင်၊လမ်း၊ စက်မှုဇုန် စတဲ့ အခြေခံအဆောက်အဦတည်ဆောက်တဲ့နေရာတွေမှာသုံးပါတယ်။ နောက်ပြီး ဂျပန်ကုမ္ပဏီ တော်တော်များများဟာလည်း စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းတွေမှာလုပ်ဖို့ဝင်လာနေကြပါတယ်” လို့ဆိုပါတယ်။

 တရုတ်နိုင်ငံရဲ့ မဆင်မခြင်ဝင်ရောက်လုပ်ကိုင်ခြင်းတွေဟာဒေသခံတွေရဲ့ မလိုမုန်းတီးမှုတွေနဲ့ မလိုလားမှုတွေကို ၀ယ်ယူနေသလိုပါပဲ။ ရန်ကုန်မြို့ရဲ့စွမ်းအင်ရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့ Smart Group ဥက္ကဌဖြစ်သူကတော့ “မြန်မာပြည်မှာရှိနေတဲ့တရုတ်လူမျိုးတွေဟာ ငွေရှာဖို့ပဲသိတယ်၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်တော့ဘာမှ စိတ်မ၀င်စားကြဘူး”လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်ကိုအားထားနေရတဲ့အနေအထားကနေကျော်လွန်ခဲ့ပြီဆိုတာကိုပြောပြနေပါတယ်။ ရန်ကုန်တက္ကသိုလ်စီးပွားရေးသုတေသနပညာဌာနမှ ပါမောက္ခဒေါ်လေးခင်ကတော့ “တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံရဲ့ တည်ငြိမ်းအေးချမ်းမှုကိုခြိမ်းခြောက်တဲ့အနေအထားမှာရှိနေတဲ့အတွက် စိုးရိမ်စရာကောင်းပြီး၊ ဒီလိုစိုးရိမ်မှုတွေကိုလျော့ကျသွားစေဖို့ အမေရိကန်နဲ့အတူ လက်တွဲဖော်ဆောင်ဖို့လုပ်နေတာ”ဟု ယင်းကဆိုပါတယ်။ ဆက်လက်ပြီး၂၀၁၂ခုနှစ် အမေရိကန်သမ္မတ ဘားရက်အိုဗားမားမြန်မာနိုင်ငံကို အလည်လာရောက်ချိန်မှစပြီးမြန်မာ-အမေရိကန်ဆက်ဆံရေးဟာ တိုးတက်ကောင်းမွန်လာပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ချယ်လှယ်မှုတွေဟာလည်း ပျောက်ဆုံးကုန်ပါတယ်”လို့ဆိုပါတယ်။ မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ်ကမှတရုတ်နိုင်ငံရဲ့ အကူအညီနဲ့တည်ဆောက်ခဲ့တဲ့ ဒေါ်လာသန်းပေါင်း ၃၇၀၀ လောက်ကုန်ကျတဲ့ ရေလှောင်တမံစီမံကိန်းဟာလည်းပျက်သွားခဲ့ပါတယ်။

 ပညာရှင်တွေကတော့ တို့တွေလည်း မဲခေါင်ဒေသဖွံ့ဖြိုးရေးအတွက်အားတက်သရော ပါဝင်ဆောင်ရွက်ရမဲ့အချိန်ပဲလို့ ဆိုပါတယ်။ KIEP(Korea InstituteInternational Economic Policy)မှ သုတေသနပြုနေသူတစ်ဦးကတော့ “တရုတ်နဲ့ဂျပန်က ရယူဖို့အပြင်းအထန်လုပ်နေပေမဲ့လည်း မဲခေါင်ဒေသ ပတ်ဝန်းကျင်နိုင်ငံတွေမှာတော့ အခုထိ တို့တွေစိတ်ဝင်စားဖို့ကောင်းတဲ့လုပ်စရာလုပ်ကွက်တွေ အများကြီးကျန်နေပါသေးတယ်။ ဒီလိုဒေသတွေကို ဂရုတစိုက်စောင့်ကြည့်ပြီးသိမ်းပိုက်ဖို့အတွက် နည်းစနစ်ကျတဲ့ ထိုးဖောက်ဝင်ရောက်မှုတွေအလျင်အမြန်ကို လိုအပ်နေပါပြီ။”လို့ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
 အစိုးရရဲ့ အားတက်သရောပါဝင်ဆောင်ရွက်မှုကလည်း အလွန်အရေးကြီးပါတယ်။မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေကတော့ စီးပွားရေးလုပ်ကိုင်ဖို့အခွင့်အလမ်းတွေအလွန်ကိုနည်းပါးပါသေးတယ်။ အဲဒါကြောင့် အစိုးရ အချင်းချင်း ရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးအောင်ဆောင်ရွက်မှုတွေဟာမရှိမဖြစ်မ လိုအပ်နေပါတယ်။ သုတေသနအရာရှိ ဂျောင်းက ထိုကဲ့သို့သော အစီအမံတွေကို အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့လည်းဆိုခဲ့ပါတယ်။ ဆက်လက်ပြီး တွေဝေနေဦးမယ်ဆိုရင် တရုတ်နဲ့ ဂျပန်လက်ထဲကိုရောက်သွားပြီး ကျွန်တော်တို့တွေ ၀င်စရာနေရာမရှိ ဖြစ်သွားပါ လိမ့်မယ်။ နိုင်ငံတကာကုန်သွယ်မှုဖွံ့ဖြိုးရေးဘဏ်တွေကနေတဆင့် မြန်မာနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေတွေ ဒလဟောဝင်ရောက်နေခြင်းဟာ သတိပြုသင့်တဲ့အချက်ပဲဖြစ်ပါတယ်။

ကိုရီးယားရဲ့‘Post China’ strategy အလျင်အမြန်လုပ်ရန်လို

 ကူးသန်းရောင်းဝယ်ရေးဘဏ်ကဒေါ်လာသန်း ၉၀ အကုန်အကျခံပြီး မြောက်ပိုင်းလျှပ်စစ်စွမ်းအားကို တောင်ပိုင်း စက်မှုဇုံကိုပေးဖို့Project တစ်ခုကတော့ လုပ်ဆောင်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ငွေပေးနိုင်သလောက် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်းကျွန်တော်တို့နိုင်ငံသားတွေကို လုပ်ပိုင်ခွင့်တွေပေးမယ့်ပုံပါ။ အရှေ့တောင် အာရှကူးသန်းရောင်းဝယ်ရေးဘဏ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကတော့ “ဒီတစ်ကြိမ်လုပ်တဲ့ Projectဟာ မိမိတို့ကုမ္ပဏီတွေ မြန်မာပြည်မှာ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက်ရေလာမြောင်းပေးလုပ်လိုက်တဲ့ အလုပ်ဖြစ်တယ်”လို့ ဆိုပါတယ်။
 ပေကျင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့တဲ့ သူဌေးမိုယောင်းဂျူကတော့“လွန်ခဲ့တဲ့ နှစ်တွေမှာ တရုတ်နိုင်ငံမှာ ကုန်ကျစားရိတ်တွေ မြင့်တက်လာတဲ့အတွက် မြန်မာ၊လာအို စတဲ့ နိုင်ငံတွေကို စက်ရုံတွေပြောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေ များပြားလာခဲ့တယ်။”ဆက်လက်ပြီး “မဲခေါင်ဒေသဟာ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့Soft Trading မှာ အကောင်းဆုံးဒေသလည်းဖြစ်တယ်”လို့ ဆိုပါတယ်။  မဲခေါင်ဟာ ကျွန်မတို့အတွက် “Post China” ဖြစ်လာပြီဆိုတဲ့သဘောပဲလို့ဆိုပါတယ်။

အစိုးရရဲ့အာဘော်လွှမ်းတဲ့ဒေသ…..သမ္မတကိုယ်တိုင်ပူးပေါင်းပါဝင်မဲ့အရိပ်အရောင်မျိုးပြသရန်လို.
မဲခေါင်ဒေသစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူ

“မဲခေါင်ဒေသကတော့မနေ့ကနဲ့ ဒီနေ့နဲ့ လုံးဝကို မတူပါဘူး။ မနက်ဖြန်ဆိုတာလည်း မတူနိုင်ပါဘူး။ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့တိုးတက်မှုက အဲဒီလောက်တောင် မြန်ဆန်ပါတယ်။ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာအရေးပါမှုတွေမှာလည်းကြီးမားကျယ်ပြန့်လာပါတယ်။ မဲခေါင်မြစ်စီးဆင်းနေတဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ကတော့တရုတ်နဲ့ အရှေ့တောင်အာရှကို ဆက်စပ်ပေးနေတဲ့ ကြီးမားတဲ့စီးပွားရေးပင်မကျောရိုးကြီးသဖွယ်အလျင်အမြန်ဖွံ့ဖြိုးလာနေပါတယ်။ ကျွန်တော်တို့အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်းဒီဒေသကိုသိမ်းပိုက်ဖို့အတွက် မျက်စိဖွင့်၊နားဖွင့်ထားရမယ်။”
မဲခေါင်ဒေသစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသူ ဆောဂန်းတက္ကသိုလ် ပါမောက္ခ အီဆောန်းဂျင်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းက“အခုလတ်တလော တစ်နှစ်ကို ၄~၅ကြိမ်လောက် အဲဒီ ဒေသကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပါတယ်။မဲခေါင်ဒေသမှာတော့ အခုလောလောဆယ် တရုတ်၊ ဂျပန်၊ အမေရိကန် ပြီးတော့ အိန္ဒိယလူမျိုးတွေပါဈေးကွက်ဦးဖို့အတွက် သည်းကြီးမဲကြီးလှုပ်ရှားနေကြပါတယ်”လို့ ဆိုပါတယ်။ သူသွားတဲ့အခါတိုင်းမဲခေါင်ဒေသတွေနိုင်ငံတွေမှာ ဒီနိုင်ငံတွေဟာ အလုအယက်လုပ်နေကြပါလားလို့ စိတ်ကနေ ခံစားရပါတယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှားသံအမတ်အဖြစ် (၂၀၀၅~၂၀၀၈) တာဝန်ထမ်းဆောင်နေဆဲကာလမှာ အရှေ့တောင်အာရှရဲ့ အဖိုးတန်ပုံကို သိမြင်ခဲ့ပါတယ်။ အဲဒါကြောင့် အခု မဲခေါင်ဒေသနဲ့ ပက်သက်တာတွေကိုပဲအထူးလေ့လာ နေပါတယ်”လို့ ဆိုပါတယ်။

 -တရုတ်ရဲ့ မဟာဗျူဟာကဘာလဲ။

နှစ်မျိုးရှိပါတယ်။အဦးဆုံးနိုင်ငံရေးအနေနဲ့ အမေရိကန် ၀န်းရံနေတဲ့ကွန်ယက်တွေကို ထိုးဖောက်တာပဲဖြစ်ပါတယ်။မဲခေါင်ဒေသသာ အမေရိကန်ရဲ့ သြဇာလွမ်းမိုးမှုအောက်ကို ရောက်သွားရင် နေမင်းကြီးလိုသွားနေတဲ့လမ်းပိတ်သွားမယ်ဆိုတာက တရုတ်ရဲ့ အမြင်ပဲဖြစ်တယ်။ စီးပွားရေးအရကြည့်မယ်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ လုပ်ဆောင်နေတဲ့ အနောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုတွေနဲ့ဆက်စပ်တာပဲဖြစ်တယ်။ မဲခေါင်ဒေသကို တရုတ်ပြည် အနောက်ပိုင်းမြို့တွေရဲ့ ပြည်ပထွက်ပေါက်အဖြစ်ယူဆထားပါတယ်။၂၀၀၀ခုနှစ် အစပိုင်းမှာ တရုတ်နဲ့ အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေး (FTA) ဆွေးနွေးမှုများအရတရုတ်ရဲ့ မဲခေါင်ဒေသရင်းနှီးမြှုပ်နှံမှုဟာလည်း တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။”

 -ဂျပန်က တရုတ်နိုင်ငံပါဝင်နေမှုကို စိုးရိမ်နေပါတယ်။

 “ဂျပန်နိုင်ငံဟာ၁၉၈၅ခုနှစ် Plaza ဆွေးနွေးမှုအပြီးမှာ အရှေ့တောင်အာရှကို ထုတ်လုတ်မှုလွင်ပြင်ကြီး အဖြစ်အသုံးချခဲ့တယ်။ယင်းအချိန်တုန်းက ဂျပန်ရဲ့ စီးပွားရေးအမြတ်ထုတ်မှုက အဲဒီလောက်သာပဲ ရှိခဲ့ပါတယ်။ ၂၀၀၀ခုနှစ်ထဲရောက်တော့တရုတ်က မြောက်ပိုင်းကနေ တောင်ပိုင်းကို ထိုးဖောက်ဝင်ရောက်လာတာနဲ့တပြိုင်နက် အဲဒါတွေကိုတွန်းလှန်ဖို့ ဂျပန်နိုင်ငံဟာ ဗီယက်နမ်၊လာအို၊ ထိုင်းနိုင်ငံတွေနဲ့ ဆက်စပ်ထားတဲ့ အရှေ့ပိုင်းနဲ့အနောက်ပိုင်းEconomic Corridor တည်ဆောက်ရေးမှာ ပါဝင်ခဲ့ပေမယ့် ခုခံကာကွယ်မှုတွေနဲ့ ကြုံရမှာတော့အသေအချာပါပဲ။

-မဲခေါင်ဒေသနိုင်ငံများ၏သဘောထား

 “၂၀၀၁ခုနှစ်၉လပိုင်း၁၁ရက် တိုက်ခိုက်မှုကြီးအပြီးမှာ အမေရိကန်ဟာ အရှေ့တောင်အာရှဒေသတွေကို သိပ်ပြီးသတိမထားမိခဲ့ပါဘူး။ဂျပန်ကလည်း လက်တွေ့ကျတဲ့အကူအညီတွေကိုမပေးခဲ့ပါဘူး။ ဒီကာလလေးကို တရုတ်က အရယူခဲ့တာပဲဖြစ်ပါတယ်။မဲခေါင်ဒေသနိုင်ငံတွေဟာ လမ်းတွေဖောက်၊ ယဉ်ကျေးမှုအဆောက်အဦး တွေဆောက်လုပ်ပေးတဲ့ တရုတ်ရဲ့အပြုံးနဲ့ဆက်ဆံတဲ့သံတမန်ဆက်ဆံရေးမှာ ပျော်ဝင်သွားခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ် ငွေကြေးအကျပ်အတည်းကာလနောက်ပိုင်းမှာမဲခေါင်ဒေသတွေမှာ တရုတ်ရဲ့ သြဇာသက်ရောက်မှုတွေကို မြင်လာတဲ့အခါမှာ အနေအထားတွေက တစ်မျိုးပြောင်းလဲလာခဲ့တယ်။အရှိန်အဟုန်နဲ့ “တရုတ်ရဲ့ခြိမ်းခြောက်မှုသီအိုရီ” တွေ နေရာတိုင်းမှာ ကြားလာခဲ့ရပါတယ်။အိုဗားမားအစိုးရရဲ့ အာရှပြန်လည်ရရှိရေး Policy နောက်ပိုင်းမှာ အမေရိကန်ရဲ့အင်အားနဲ့တရုတ်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ အနေအထားတွေလည်း များပြားလာခဲ့ပါတယ်။ အမေရိကန်နဲ့တော့ ငြိမ်းချမ်းရေးသဘောတူညီမှု၊ တရုတ်နဲ့တော့ စီးပွားရေးသဘောတူညီမှုတွေ လုပ်တဲ့ မဟာဗျူဟာပဲဖြစ်ပါတယ်။”

-ကိုရီးယားကလည်းဘယ်လိုလုပ်ရမလဲ

နိုင်ငံတော်အတိုင်းအတာမဟုတ်ပဲ ဒေသဆိုင်ရာတွေမှာ ကြီးကြီးမားမား အကောင်အထည်ဖော်လုပ်ဆောင်ရပါမယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး တရုတ်ရဲ့ အနောက်ဘက်ပိုင်းဈေးကွက်ကိုအရယူ၊ အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာရှိတဲ့ ဈေးကွက်ကိုအဓိကထားပြီး ကမ္ဘောဒီးယားမှာစီးပွားရေးလုပ်ဆိုတဲ့ပုံစံပဲဖြစ်ပါတယ်။ အဲဒီဒေသမှာရှိတဲ့ နိုင်ငံတွေဟာ အစိုးရရဲ့အာဏာလွှမ်းမိုးမှုတွေသက်ရောက်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလည်း အစိုးရကိုယ်တိုင် ပါဝင်မှဖြစ်ပါမယ်။ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေက ပြည်သူတွေလုပ်ရမယ့်အလုပ်ဆိုပြီး နောက်ကနေနေလို့မရပါဘူး။ သမ္မတကိုယ်တိုင်ပဲ ယင်းဒေသများသို့ အမြန်ဆုံးသွားရောက်ပြီး ရင်းနှီးမြှုပ်နှံဖို့၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့ အရိပ်အယောင်တွေကို ပြသရပါမယ်။ မဲခေါင်ဒေသဟာနိုင်ငံရေး၊ စီးပွားရေးအရ ကြည့်မယ်ဆိုရင် အရှေ့အာရှမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တဲ့ဒေသဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။”

တောင်ကိုရီးယားနိုင်ငံ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၀ရက်နေ့ထုတ် ဂျွန်းအန်းသတင်းစာ၏ခေါင်းကြီးပိုင်းသတင်းဖြစ်သော “메콩 쟁탈전….중국, 송유관 만리장선 쌓다” ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ 

မမလေး 

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...