Wednesday, October 23, 2013

မြန်မာ့လက်ဝှေ့အကြောင်းကို ကမ္ဘာကသိအောင် Channel News Asia က ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်


မြန်မာ့လက်ဝှေ့ကို Mixed Martial Art (MMA) လို့ သတ်မှတ်လို့ရမလားမသိဘူး။ မြန်မာ့လက်ဝှေ့က ခြေလက်အစုံသုံး နပန်းလည်းလုံးပေမယ့် လဲနေတဲ့အခါတော့ ၀င်လုံးလို့မရတဲ့အတွက် MMA လို့သတ်မှတ်လို့ မရလောက်ဘူးထင်တယ်။ ဒါပေမယ့် မြန်မာ့လက်ဝှေ့သမားတွေကို ကမ္ဘာမှာ နာမည်ကြီးနေတဲ့ MMA ပွဲစဉ်တွေ အဓိက ကျင်းပပေးနေတဲ့ UFC ပွဲစဉ်တွေမှာ ၀င်ထိုးနိုင်ဖို့အတွက် အနည်းငယ် ဆက်ပြီးလေ့ကျင့်ပေးလိုက်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒါမှလည်း သူတို့လေးတွေရဲ့ ၀င်ငွေဟာ ရပ်တည်လို့ရနိုင်သွားမှာပါ။ အခုတော့ တစ်ခါထိုးမှ ဒေါ်လာ ၂၅၀ လောက်၊ ခြောက်လ ခုနှစ်လနေမှ တစ်ပွဲထိုးရတာဆိုတော့ မလွယ်ပါဘူး။ ချန်ပီယံအဆင့်တွေကတော့ တစ်ခါထိုးရင် သိန်းဆယ်ဂဏန်းကျော် ရတယ်ဆိုတော့ ရပ်တည်လို့ဖြစ်ရုံပေါ့။ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံရေး ပွင့်လင်းတဲ့အတွက် ဘောက်စင်သမားတွေ ကမ္ဘာ့စဉ်မြင့်ပေါ်ရောက်ပြီး ဒေါ်လာသန်းကြွယ် သူဌေးကြီးတွေ ဖြစ်ကုန်ကြပေမယ့် မြန်မာ့သားကောင်းတွေကတော့ ထမင်းစားဖို့အတွက် အခက်အခဲ အကြမ်းတမ်းဆုံး ထိုးသတ်နေရတဲ့အခြေအနေပါပဲ။ နောင်လာမယ့်နှစ်တွေမှာတော့ ပွင့်လင်းလာတဲ့ နိုင်ငံရေချိန်နဲ့အတူ မြန်မာ့လက်ဝှေ့သမားတွေ မြင့်တက်လာနိုင်ပါစေလို့သာ ဆုတောင်းပေးမိပါတယ်။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...