Tuesday, October 8, 2013

NASA Site ကြီး Shutdown ဖြစ်သွားတယ်ဆို ယုံမလား


တစ်ညကတော့ စာတွေလုပ်နေရင်း နာဆာဆိုဒ်က သိချင်တာတစ်ခုရှိတာနဲ့ သွားကြည့်တဲ့အခါမှာ အပေါ်ကလို စာသားကြီးပဲပေါ်လာလို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားမိတယ်။ ဒီလိုဆိုဒ်မျိုးကြီးက
ငွေကြေးကြောင့် ပိတ်ထားရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ အဟက်ခံထားရတာလားလို့ အောက်မေ့မိတယ်။
နောက်ပိုင်းမှ သတင်းတွေဖတ်ရင်းနဲ့ အမေရိကန်အစိုးရရဲ့ ဘက်ဂျက်တွေ လွှတ်တော်မှာ ပြသနာတက်နေတာ သွားတွေ့မိတော့ အံ့သြမိတယ်။ ဒီလိုနိုင်ငံကြီးက ဒီလို ရုပ်ပျက်ဆင်းပျက် အဖြစ်မျိုးဖြစ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါပဲ။ ခုတော့ ရုရှားက Pirates Party ဆိုတဲ့ အဖွဲ့ကနေ နာဆာဆိုဒ်ကို Hosting အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းလိုက်ပါတယ်။

မယုံနိုင်တာတွေကြားရမြင်ရ တွေ့ရကြုံရနဲ့ ဒါပဲလောကကြီးမဟုတ်လားဗျာ။

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...