Friday, November 15, 2013

ကျွန်တော့်ကျောင်းက ကျောင်းသားသမဂ္ဂအတွက် မဲဆွယ်နေတဲ့ ကျောင်းသားလေးတွေ

ကျောင်းဝင်ပေါက်တစ်ဖက်စီမှာ သူတို့အဖွဲ့အရွေးခံရရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကိုင်ပြီး ကျောင်းသားသမဂ္ဂ ရွေးပွဲအတွက် မဲဆွယ်နေကြတဲ့ ကျောင်းသားလေးတွေပုံပါ။ တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာ သူတို့အဖွဲ့ရှုံးရင် ခေါင်းတုံးတုံးမယ်လို့ ကတိပေးခဲ့တဲ့ မိန်းကလေးဟာ ရွေးကောက်ပွဲမှာ သူတို့ ရှုံးနိမ့်သွားတဲ့အတွက် လူမြင်ကွင်းမှာ ခေါင်းအတုံးခံခဲ့ပါသတဲ့။ အင်မတန်အလှအပကြိုက်တဲ့ နိုင်ငံက မိန်းကလေးက ဒီလိုလုပ်တယ်ဆိုတာ နဲတဲ့ စိတ်ဓါတ်မဟုတ်ပါဘူး။ လေးစားစရာ ပြင်းပြတဲ့ သူတို့စိတ်ဓါတ်နဲ့ ကတိစောင့်ထိမ်းတာ အတုယူစရာပါပဲ။

ကျွန်တော်အထက်ကလိုရေးထားတာကို သူငယ်ချင်းတစ်ယောက်ကတော့ အောက်ပါအတိုင်း မှတ်ချက်ပေးသွားပါတယ်။

သူတို့လူမျိုးကိုပဲ ကတိစောင့်ထိန်းရင်စောင့်ထိန်းမယ်။ ကျန်တဲ့အလုပ်လုပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံသားတွေအပေါ်မှာ ကတိသိက္ခာဆိုတာ ကိုရီးယားမှာမရှိပါ။ ကိုရီးယားရဲ့အကျင့်စာရိတ္တ၊ စိတ်ဓာတ်၊စည်းကမ်းတို့မှာ ဂျပန်ကိုမမှီသေးပါ။  မြန်မာပြည်ပြန်ရောက်ရင်ပရိတ်သတ်ကြည့်ကောင်းအောင် အပေါ်ယံဟန်ဆောင်ရိုက်ထားတဲ့ကိုရီးယားdrama seriesကိုမကြည့်ဘူးလို့တောင်ဆုံးဖြတ်ထားတယ်။ ရှင်းရှင်းပြောရရင် ကိုရီးယားတွေကို အထင်လည်းမကြီးဘူး။ အထင်လည်းသေးတယ်။နေ၊စား၊၀တ်၊ပြောတာတွေအားလုံးအဆင့်မရှိလို့။

မြန်မာပြည်က ကိုရီးယား ပရိတ်သတ်အတွက် သူပြောတာတွေဟာ လွန်တယ် တစ်ဖက်သက် ပြောတယ်လို့ ထင်ချင်စရာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆယ်စုနှစ်ဝက်ခန့် နေပြီးတဲ့ အတွေ့အကြုံအရ သူပြောတာတွေဟာ အမှန်တွေပဲဆိုတာ အလွယ်တကူ ယုံကြည်လက်ခံလို့ရပါတယ်။ မကောင်းတာတွေကတော့ ပြောလို့ကို ကုန်နိုင်မယ် မထင်ပါဘူး။ ထင်ရှားတဲ့ ကျွန်တော်ကြုံဖူးကြားဖူးတာတွေထဲက ပြောရမယ်ဆိုရင် ငွေပေးတဲ့အခါ မြန်မာတွေကို နှိမ်ပြီးပေးချင်တာ၊ လိုရင်မရရအောင်ဖားယူပြီး မလိုတဲ့အခါ မသိသလိုနေတတ်တာ၊ အဲ... ငွေကြေးကိစ္စဆိုရင်တော့ တစ်စက်မှ ယုံကြည်စရာ မကောင်းတာတွေဟာ ကိုယ်တွေ့တွေလည်း ရှိပါတယ်ခင်ဗျာ။ တလောကတောင် ကိုရီးယားတစ်ယောက်က လူလိုတယ်ဆိုလို့ သူငယ်ချင်းလေးတွေနဲ့ စပ်ပေးမိပါတယ်။ နောက်ပိုင်းမှာ လုပ်အားခမပေးတော့ဘဲ အူကြောင်ကြားကွက်နင်းသွားပြီး အခုတော့ မြန်မာပြည်ထဲမှာ ကိုရီးယားဆို တစ်ပိုင်းသေနေတဲ့ ကလေးတွေကို ဖိန့်စားနေတယ်လို့ ကြားသိရကြောင်းပါခင်ဗျာ။ အခုလို ငွေမပေးတဲ့ ကိစ္စမျိုးကလည်း ဒီတစ်ကြိမ်တည်းမဟုတ်ပါဘူး။ မြန်မာအသိုင်းအ၀ိုင်းမှာ   ခေါ်ခိုင်းခံရပြီး   ငွေမရလိုက်တာတွေကြုံကြတာ တပုံကြီးပါ။ မလိုအပ်တော့ရင်တော့ အဲ့ဒီလိုပဲ အရှက်မရှိ အရူးကွက်နင်းပြီး လစ်တတ်ကြပါတယ်။ လိုအပ်ရင်လည်း ဖားယားတဲ့နေရာမှာတော့ ပြိုင်စံရှားပါပဲ။ ပြည်တွင်းမှာ အဲ့ဒီဖားတဲ့ယားတဲ့ ကိစ္စတွေကို စိတ်ပျက်လွန်းလို့ ကိုရီးယားနိုင်ငံမှာတော့ တိုးတက်တဲ့ နိုင်ငံပဲ မရှိလောက်ဘူး ထင်ထားတာ။ အဲ့ဒီနေရာမှာလည်း တိုးတက်တာပါပဲ၊ မြန်မာတွေ လိုက်မမှီကြောင်းပါ။
အဲ.. သူတို့နဲ့ ဆက်ဆံရင်တော့ သတိရှိကြပါလို့ပဲ သတိပေးပါရစေခင်ဗျာ။

(ကျွန်တော့် ကိုရီးယားဆရာကတော့ အင်မတန် သဘောထားပြည့်ဝသူပါ။ ကိုရီးယားတွေ မကောင်းကြောင်းရေးတိုင်း ဆရာ့ကို တစ်ကြိမ်ကန်တော့ပြီးမှ ရေးပါတယ်။ ဆရာ့ကိုအားနာပေမဲ့ ကိုယ့်နိုင်ငံသားတွေအတွက် တွေ့ရကြုံရတဲ့ အမှန်အတိုင်းသာ ရေးသားပြောဆိုပါမည်။)


 

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...