Friday, November 15, 2013

အဆိုတော် ခင်မောင်တိုး တစ်နှစ်ပြည့်ပြီ

ဦးတိုး နဲ့ ကိုနိုင်ဇော် (Lazy Club)

ဦးတိုးကြီးဆုံးတာတောင် တစ်နှစ်ပြည့်ပါပေါ့။ သူ့သီချင်းလေးတွေဆိုရင်း ကျောင်းသားဘ၀ဖြတ်သန်းခဲ့တာပါ။ သူတက်ခဲ့တဲ့ကျောင်းမှာ (ငယ်ငယ်ပြောသလို) အခွံပဲ ကျန်တော့မှပဲ ခြေချခွင့်ရခဲ့ပါတယ်။ မသေခင်တွေ့ဆုံခွင့် ရလိုက်လို့ ကျေနပ်မိပါတယ်။ နောက်ထပ်ဆုံချင်တာကတော့ ကိုလေးတို့ ညီအစ်ကိုနှစ်ယောက်ပဲ။

ဦးတိုးကြီး (၁)နှစ်ပြည့်အတွက် ဆရာမောင်စိန်ဝင်းနှင့်သူငယ်ချင်းများမှ အလွမ်းကဗျာ ...

"အလွမ်း"
----------

"တစ်ရွက် နှစ်လွှာ အဖြစ်နဲ့
တစ်သက်တာ ချစ်ခဲ့ကြတဲ့ သူငယ်ချင်း
သီချင်းတွေနဲ့လွမ်းစေ ... လို့
အလွမ်းမပြေအောင် ခြေရာထား
သွားနှင့်တဲ့ ...မင်း "


ကာရာအိုကေပေါ်ကာစမှာ ကျွန်တော်ဆိုလေ့ရှိတဲ့ ဦးတိုးရဲ့ လေးညှို့ရှင်ဆိုတဲ့ သီချင်းလေးပါ။ ကျွန်တော်လည်း အသံလုံးတုတ်တဲ့ အတွက် ဦးတိုးသီချင်းလေးတွေဆိုလို့ အရမ်းကောင်းပါတယ်။ ဒီသီချင်းလေးနားထောင်တိုင်း ကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေနဲ့ အကြော်ဆိုင်သွား ကာရာအိုကေ ဆိုခဲ့ကြတာတွေ ရယ်မောခဲ့ကြတာလေးတွေကို မျက်လုံးထဲမှာ တကယ်ပဲ မြင်ယောင်လာတတ်ပါတယ်။ လွမ်းမိပါတယ် ပန်းခရမ်းပြာရေ.......

လေးညှို့ရှင် 



ဝေးခဲ့ပြီ ပန်းခရမ်းပြာ




No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...