Tuesday, November 12, 2013

လေယာဉ်ပျံဝတ်စုံနဲ့ ပွဲထွက်လာတဲ့ ကမ္ဘာကျော်အဆိုတော် Lady Gaga

 လေကြောင်းကုမ္ပဏီတွေဟာ လူတွေ လမ်းပေါ်မှာ အလွယ်တကူ စီးနင်းသွားလာနိုင်မယ့် ယာဉ်တွေကို တီထွင်နိုင်ဖို့ ကြိုးစားနေတာဟာ ဆယ်စုနှစ်ကျော်ပါပြီ။ အဲ့ဒီယာဉ်အမျိုးအစား အုပ်စုကိုတော့ Personal Air Vehicle, PAV လို့ အတိုကောက် ခေါ်ဝေါ်ကြပါတယ်။ ကုမ္ပဏီအမျိုးမျိုးဟာ ဒီဇိုင်းအမျိုးမျိုးကို စမ်းသပ်တီထွင်နေကြတာပါ။ ယခုလို PAV တွေထဲကမှ ရှေ့တန်းကို ထွက်လာတဲ့ ယာဉ်အသစ်အဆန်းလေးကတော့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါးဂါးရဲ့ Gaga-copter ပဲဖြစ်ပါတယ်။

အသစ်အဆန်း ဖက်ရှင်အလန်းတွေနဲ့ အစဉ်ပွဲထွက်လေ့ရှိတဲ့ လေဒီဂါဂါကတော့ ဒီတစ်ခါ သူ့ရဲ့တေးစီးရီးသစ် မိတ်ဆက်ပွဲမှာ ယာဉ်ပျံဝတ်စုံလေးနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပုံမှန်ဆိုရင်တော့ ပန်ကာခြောက်နေရာတပ်ထားတဲ့ အဲ့ဒီယာဉ်ပျံလေးကို Hexacopter လို့ခေါ်မှာဖြစ်ပေမယ့် ဒီမှာတော့ တချို့က Gaga-copter ဆိုပြီး ချစ်စနိုးနဲ့ နာမည်ပေးထားကြပါတယ်။ ယာဉ်ပျံရဲ့အမည်ရင်းကတော့ Volantis လို့ခေါ်ပါတယ်။ လေဒီဂါဂါကို မြေပြင်ကနေ ၇၀ လက်မလောက်အထိ ပင့်တင်ပေးခဲ့တဲ့ ဒီယာဉ်ပျံလေးက လျှပ်စစ်မော်တာကို သုံးထားပါတယ်။

 လေဒီဂါဂါရဲ့ စိတ်ဝင်စားမှုဟာ လေကြောင်းလောကသားတွေအတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။ ယခုလို Celebrity တစ်ယောက်က စီးနင်းပြလိုက်တဲ့အတွက် ကုမ္ပဏီကို ကြောငြာပြီးသားဖြစ်သွားသလို စိတ်ဝင်စားတဲ့သူတွေဆီကနေလည်း သုတေသန ထောက်ပံ့ကြေးတွေ ရလာနိုင်တာမို့ ကုမ္ပဏီအတွက် ရှေ့လျှောက် အလားအလာ ကောင်းသွားစေပါတယ်။ မြန်မာနိုင်ငံမှာတော့ မင်းသားမင်းသမီးတွေကို စပွန်ဆာပေးတာမျိုး ခေတ်စားပေမယ့် သုတေသနလုပ်ငန်းတွေအတွက် စပွန်ဆာပေး ငွေကြေးထောက်ပံ့တယ်ဆိုတာမျိုး မရှိသေးပါဘူး။  ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ သုတေသန တန်ဖိုးကို အလေးမထားတတ်သေးတာလည်း အကြောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ တဆက်တည်း ပြောရမယ်ဆိုရင် ယခုလို ယာဉ်ပျံမျိုးလေး ပြည်တွင်းမှာ လုပ်ချင်တယ်ဆိုရင်တောင်  ဖြစ်နိုင်ကြောင်းပါခင်ဗျာ။ 

မောင်မျိုး (စက်မှု)
We have liftoff! The Applause singer takes to the skies in the futuristic flying dress

Lady Gaga's flying dress


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...