Monday, November 11, 2013

ဆော်ကြည် Pilots


အထက်က ပုံလေးကို ကြည့်ပါ။ သာမာန်ယောက်ျားလေးအတွက် မိန်းကလေးတစ်ယောက်ရမယ်၊ ဆိုင်ကယ်စီးနိုင်ရင် မိန်းကလေးနှစ်ယောက်စသဖြင့် ပြောထားတဲ့ပုံလေးပါ။
တတိယပုံကစလို့ကတော့ လေကြောင်းနဲ့ ပက်သက်တဲ့ အသိပညာ အနည်းငယ် လိုအပ်လာပါတယ်။
တတိယပုံမှာပြထားတဲ့ လေယာဉ်ဟာ ခရီးသည်တင် လေယာဉ်ကို ပြောချင်တာပါ။ ခရီးသည်တင်လေယာဉ် မောင်းတဲ့ လေယာဉ်မှူးကတော့ ဆော်တော်တော်ကြည်ပေါ့။ အဲ .. နောက်ပုံတွေမှာကတော့ F-16 , Blackhawk Helicopter, F-18 စသဖြင့် စစ်သုံးလေယာဉ် သုံးမျိုးကို ပြသထားပါတယ်။ အဲ့ဒီထဲမှာ F 16 လေယာဉ်မှူးဟာ ဆော်အကြည်ဆုံးဆိုတဲ့ သဘောနဲ့ မိန်းကလေးတွေ အများကြီးခြံရံထားတာကို တွေ့ရမှာပါ။ ဘလက်ဟော့ခ် ရဟတ်ယာဉ်ရဲ့ဘေးမှာတော့ လင်သေပြီး မုဆိုးမဖြစ်ကာ တစ်ယောက်တည်း ကျန်ခဲ့မယ်ဆိုတဲ့သဘောနဲ့ မိန်းကလေးပုံ တစ်ပုံတည်းပြသထားပါတယ်။

နောက်ဆုံး F-18 လေယာဉ်မှူးတွေကတော့   ယောက်ျားချင်းယူမယ်ဆိုပြီး  ယောက်ျားလေးနှစ်ယောက်ပုံကို ပြသထားပါတယ်။ ဒီအချိန်ထိကို ဒီပုံက ဘာကိုဆိုလိုတယ်ဆိုတာကို မသိနိုင်သေးပါဘူး။ ဒီပုံကို နားလည်ဖို့ အဓိကလိုအပ်တဲ့ အချက်တစ်ခုကတော့ ဒီလိုပါ။ အမေရိကန်မှာ မြန်မာနိုင်ငံမှာလို လေတပ်တစ်ခုတည်းပဲ
လေယာဉ်တွေရှိတာမဟုတ်ပါဘူး။ ကြည်းတပ်၊ လေတပ်၊ ရေတပ် အားလုံးမှာ သူတို့နဲ့ သင့်လျော်တဲ့ လေယာဉ်တွေ ထားရှိပေးရပါတယ်။ ဒါ့ကြောင့် ခုအမေရိကန်နောက်ဆုံးထုတ် တိုက်လေယာဉ်ဖြစ်တဲ့ F-35 တောင်မှ ကြည်းတပ်၊လေတပ်၊ရေတပ်အတွက် Version အမျိုးမျိုးထုတ်လုပ် ပေးရပါတယ်။ ဒါလေးကို သိထားပြီးရင် အထက်က ပုံလေးကို ပြန်ကြည့်ရအောင်ပါ။

အထက်ကပုံမှာ ပြထားတဲ့ F-16 ဆိုတာက လေတပ်မှာသုံးတဲ့လေယာဉ် လေတပ်ကိုယ်စားပြုတာပါ၊ Helicopter ကတော့ ကြည်းတပ်ကို ကိုယ်စားပြုပြီး၊ F-18 ကတော့ လေယာဉ်တင် သင်္ဘောတွေမှာသုံးတဲ့ လေယာဉ်ဖြစ်ပြီး ရေတပ်ကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒါ့ကြောင့် လေတပ်ကကောင်တွေ ဆော်အရမ်းကြည်မယ်၊ ကြည်းတပ်ကကောင်တွေတော့ သေဖို့ပဲရှိတယ်၊ မင်းတို့ရေတပ်ကတော့ အခြောက်တွေပါကွာလို့ ခနဲ့လိုက်တာဖြစ်ပါတယ်။ ဒီပုံကို ဘယ်သူတွေ ထွင်လိုက်တာလဲဆိုရင်တော့ သိသာပါတယ်.. လေတပ်က ငနဲတွေပေါ့ဗျာ။
ကဲ.. အားလုံး ရွှင်ပြုံးနိုင်ကြပါစေဗျာ။

မောင်မျိုး (စက်မှု)



No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...