Wednesday, January 29, 2014

ကိုရီးယားအစားအစာ (ဂင်(မ်)ချီ)

မြန်မာလူမျိုးများထမင်းစားပွဲတွင် ငါးပိ မပါမပြီးသကဲ့သို့ ကိုရီးယားလူမျိုးများသည်လည်း ဂင်(မ်)ချီကို မပါမဖြစ် စားသုံးကြပါသည်။ ဆောင်းဦးအ၀င်ရောက်ပြီဆိုလျင် ဆောင်းတွင်းရောက်တဲ့အခါ အရွက်များ ရှားပါးမှာဖြစ်တဲ့အတွက်၊ ထိုအချိန်ရောက်လျင် ဂင်ချီသိပ်ကြလေ့ရှိပါသည်။ တစ်ချို့နေရာများတွင် ဂင်ချီသိပ် ပွဲတော်များ၊ နိုင်ငံခြားသားများ ပါဝင်နိုင်သော ပွဲတော်များကိုလည်း ကျင်းပပေးကာ ၎င်းတို့ရိုးရာကို လေ့လာခွင့် ရစေပါသည်။ နေရာဒေသအလိုက် ဂင်(မ်)ချီ အရသာ မတူကြသလို ရာသီအလိုက် စားသုံးကြတဲ့ ဂင်(မ်)ချီဟာလည်း မတူကြပါဘူး။ ရာသီအလိုက်စားတဲ့ ဂင်(မ်)ချီအမျိုး အစားနဲ့၊  ဒေသအလိုက် လုပ်ကြတဲ့ ဂင်(မ်)ချီများကို အောက်မှာတွေ့မြင်နိုင်ပါတယ်။

ဂါ့ဂင်(မ်)ချီ 갓김치 

ဂွန်းဂျွန်းဂင်(မ်)ချီ 궁중김치 

(မုန်ညင်း) ဗယ်ချူဂင်(မ်)ချီ 배추김치 

နာဘာ့ဂင်(မ်)ချီ 나박김치

ဒါလယ်ဂင်(မ်)ချီ 달래김치 


ဘူချူဂင်(မ်)ချီ 부추김치 

(မုန်ညင်းစိမ်း)  အော(လ်)ဂါရီဂင်(မ်)ချီ
얼갈이김치

 ယော(လ်)မူဂင်(မ်)ချီ 열무김치

 ကြို့ဖာဂင်(မ်)ချီ 쪽파김치

(မုန်လာဥ) ချုန်းဂါ့ဂင်(မ်)ချီ 총각김치 

ဗဟုသုတ တိုးပွားကြပါစေ...။

မောင်မျိုး(စက်မှု)


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...