Wednesday, January 8, 2014

လူတွေမသိတဲ့ ဂူဂဲ (Google)

ရှာဖွေရေး အင်ဂျင်ကြီး ဂူဂဲဟာ ကျောင်းသားလူငယ်လေးနှစ်ယောက်ရဲ့ အင်တာနက် အချက်အလက် ရှာဖွေရေးပရောဂျက်ကနေ စတင်လာခဲ့တာ အခုဆိုရင် အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုအဖြစ် ရပ်တည်နိုင်လာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီနောက် မိုဘိုင်းဖုန်းများအတွက် Android operating system ဟာဆိုရင်လည်း အခုဆိုရင် မိုဘိုင်းဖုန်းအများစုမှာ အသုံးပြုနေကြပါတယ်။ Google Map ဟာဆိုရင်လည်း Privacy အတွက် လူပြောများတဲ့ကြားကနေပဲ အောင်မြင်ခဲ့ပြန်ပါတယ်။ ဒီနောက်တော့ ဂူဂဲဟာ ဘယ်ဘက်ကို ခြေလှမ်းလာခဲ့သလဲဆိုရင် ရိုဘော့နည်းပညာဘက်ကို ခြေဦးလှည့်လာခဲ့ပါတယ်။ လတ်တလောမှာတော့ ဂူဂဲဟာ Boston dynamics ကို ရှစ်ခုမြောက် ရိုဘော့ကုမ္ပဏီဝယ်ယူခြင်းအဖြစ် ၀ယ်ယူခဲ့ပြန်ပါတယ်။ MIT တက္ကသိုလ်သုတေသနအဖွဲ့ငယ်လေးကနေ ကုမ္ပဏီအဖြစ် ပြောင်းလဲလာတဲ့ ဒီကုမ္ပဏီလေးဟာ ကမ္ဘာ့အမြန်ဆုံးပြေးနိုင်တဲ့ ရိုဘော့၊ လဲကျရင် ကိုယ့်ဟာကို ပြန်လည်ထိန်းမတ်နိုင်တဲ့ ရိုဘော့လေးတွေကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ငွေတွေနဲ့ အောင်အောင်မြင်မြင် တီထွင်ထားနိုင်တာပါ။ အခုတော့ ဒီကုမ္ပဏီလေးကို ဂူဂဲက၀ယ်ယူပြီး ခြေလှမ်းကြီးလှမ်းဖို့ ပြင်ဆင်နေပါပြီ။ ဒါဟာ ဘာများဖြစ်လာလေမလဲဆိုတာဟာ အင်မတန် ရင်ခုန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂူဂဲကနေ လူမောင်းစရာမလိုဘဲ ကိုယ်သွားချင်တဲ့နေရာကို သူ့ဟာသူမောင်းပို့နိုင်တဲ့ ကားလေးတွေ စမ်းသပ်ထားတာလဲ အောင်မြင်ထားပါတယ်။ ကဲ ဂူဂဲရဲ့ မိုဘိုင်းဖုန်းစနစ် (Android)၊ မြေပုံ (Google Map)၊ အိုင်တီနည်းပညာ၊ ရိုဘော့နည်းပညာတို့ ပေါင်းစပ်ကြည့်လိုက်ပါ.. ဘာများဖြစ်လာမလဲ?
နောင်ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာလည်း ယခုလက်ရှိ ကွန်ပြူတာများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်တဲ့ Quantum Computer ဆိုတာကလည်း ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။ ဒီလိုသာဆိုရင်တော့ ရိုဘော့ကားတွေထဲကလိုပဲ လူတွေလို တွေးနိုင်ခေါ်နိုင်တဲ့ ရိုဘော့တွေဟာ ကျွန်တော်တို့လူသားတွေရဲ့ တန်ဖိုးနည်းလုပ်သားတွေဖြစ်လာပြီး .. သူတို့ကများ လူသားတွေကို မကျေနပ်တဲ့အခါ...........................?
Boston Dynamics Atlas robot




BigDog




BigDog is a autonomous packhorse





The Legged Squad Support System is the next step in the evolution of the BigDog platform

Cheetah




Boston Dynamics Cheetah is capable of running faster than any human.





The WildCat robot is the next evolution in the Cheetah platform capable of running untethered.

Atlas




One of Boston Dynamics' most recent robot project, Atlas is a Darpa-funded humanoid robot.


No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...