Tuesday, February 18, 2014

လက်စားချေမလို့လား


"လက်စားချေလိုက်မယ်".. "သူက ငါ့ကို ဒီလိုလုပ်ထားတာ ငါသူ့ကို ဟိုလိုပြန်လုပ်လိုက်ရမှ ကျေနပ်မယ်" စသဖြင့် လူတွေ တစ်သက်မှာ တစ်ခါတော့ ပြောဖူးကြမှာပါပဲ။ ကလေးငယ်ဘ၀မှာ ဒီလိုပြောတာဆိုတာတွေဟာ သိပ်ပြီး ကိစ္စမရှိပေမယ့် အရွယ်ရောက်လာတဲ့ အခါမှာတော့ သတိထားရမယ့် စိတ်နေစိတ်ထားမျိုးပါ။ ငါ့ကိုလုပ်ရင် ပြန်လုပ်ရမှဆိုပြီး ရန်ကိုရန်ချင်း တုန့်နှင်းတာမျိုးဟာ တတ်နိုင်သမျှ အရွယ်ရောက်လာတာနဲ့အမျှ ဖျောက်ဖျက်ပြစ်သင့်ပါတယ်။ ဒီလို ဒေါသစိတ်၊ လက်တုန့်ပြန်ချင်တဲ့စိတ်ဟာ ပထမဦးစွာ မိမိကိုယ်ကို အရင်ဦးဆုံး ပူလောင်စေတာပါ။ တစ်ဘက်လူကို ဘာမှ မလုပ်ရသေးခင်ကကို ကိုယ့်ကိုပူလောင်စေပါတယ်။ ပူလောင်နေတဲ့စိတ်ဟာလည်း အမှန်ကိုလုပ်မိဖို့ထက် အမှားဘက်ကို လုပ်မိဖို့က ရာခိုင်နှုန်းပြည့်နီးပါးဖြစ်ပါတယ်။ ဘ၀ဆိုတာ အမှန်တွေချည်းမလုပ်နိုင်တောင် အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားပြီး နေရတာပါ။ အမှားလုပ်မိစေမယ့် အကြောင်းတရားတွေဖြစ်တဲ့ မိမိစိတ်ကို ပူလောင်စေတာမျိုး၊ ဒေါသကြီးတာမျိုးကို တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့အမျှ တစ်စတစ်စ လျှော့ချနိုင်ရပါမယ်။ ဒါမှသာ လူဖြစ်ရကျိုးနပ်ပြီး လောကကောင်းကျိုးကိုပါပြုနိုင်တဲ့ လူတော်တစ်ယောက်ဖြစ်လာနိုင်မှာပါ။ တကယ်တော့ လူတွေသတိမထားမိလို့သာ "လက်စားချေမယ် " ဆိုတဲ့စကားကို လွယ်လွယ်ပြောထွက်နေကြတာ ဖြစ်ပါတယ်။ လက်စားချေမယ်ဆိုတာ တကယ်တော့ ကိုယ် "အ" လို့ ခံလိုက်ရပြီကွာလို့ လူရှေ့မှာ ကိုယ့်အရှက်ကိုယ်ခွဲနေတာသာဖြစ်ပါတယ်။ လက်စားချေမယ်ဆိုတဲ့စိတ်ထက် ငါတော့ နောင်ကို ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်ပြောဆို ပြုမူသင့်တယ်ဆိုတာကိုသာ စဉ်းစားအဖြေရှာရမှာဖြစ်ပါတယ်။ သို့မှသာလျင် မိမိစိတ်လည်း ငြိမ်းချမ်းနိုင်မည်ဖြစ်ပြီး၊ စိတ်နေစိတ်ထားလည်း တစ်နေ့တစ်ခြား တိုးတက်လာကာ မြင့်မားသော ဘ၀ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...