Wednesday, July 23, 2014

Galaxy Note 2 (Korea) ဖုန်းတွေရဲ့ ငွေအလိုလို အဖြတ်ခံရတဲ့ပြသနာ

Note 2 တွေမှာ အဖြစ်များတတ်တဲ့ ပြသနာတစ်ခုပါ။ မြန်မာက ဖုန်းကဒ်ထည့်သုံးတာနဲ့ ငွေက အလိုလို ကုန်နေတတ်တာပါ။ တခြားဖုန်းတွေအတွက်လည်း အသုံး ၀င်ကောင်းဝင်ပါလိမ့်မယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကိုရီးယားမှာ အင်တာနက် ကွန်နက်ရှင်က 4G LTE ဖြစ်နေလို့ပါပဲ။ ဒီမှာက တစ်ချို့နေရာတွေမှာ 1G တောင်အနိုင်နိုင်ဆိုတော့ ဖုန်းကနေ မျက်စိကြောင်ပြီး အင်တာနက်ကို ကိုယ်ကပိတ်သော်လည်း ဖုန်းကမပိတ်မိတော့ပဲ ငွေတွေကုန်တော့တာပါပဲ။ ကျွန်တော်တော့ နှစ်သောင်းလောက် ကုန်သွားပါတယ်။ ခုတော့ ပြသနာရဲ့ အဖြေကိုတွေ့သွားပါပြီ။ 4G LTE ကို ပိတ်ဖို့အတွက် Setting ပြောင်းရတာပါ။ အောက်ကအတိုင်း လိုက်လုပ်လိုက်ရင် အဲ့ဒီပြသနာကို လွယ်ကူစွာ ဖြေရှင်းပြီးဖြစ်သွားပါလိမ့်မယ်။

ဖုန်းနံပါတ် 319712358 ကို နှိပ်လိုက်ရင် ပက်စ်ဝက်တောင်းလာပါလိမ့်မယ်။ အဲ့ဒီအခါ ကိုယ့်ဖုန်းက KT ဆိုလျင် 774632၊ SK 996412၊ LG ဆိုပါက 0821 ကိုနှိပ်လိုက်ပါက Setting တစ်ခု ထွက်လာပါလိမ့်မယ်။ ထိုအထဲမှ GSM 900 ဆိုတာကို ရွေးပြီးနှိပ်လိုက်ပါ။ ထို့နောက် Home Key ကို နှိပ်ပြီးထွက်လိုက်တာနဲ့ အားလုံး အိုကေသွားပါလိမ့်မယ်။

မောင်မျိုး(စက်မှု)

No comments:

Post a Comment

ရွှင်လန်းချမ်းမြေ့ပါစေ။

Related Posts Plugin for WordPress, Blogger...